သထုံခရိုင်ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံခရိုင်ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်လှူဒါန်း






MNP ၊ မတ်  ၂၈

မွန်ပြည်နယ်၊ သထုံခရိုင်ပြည်သူ့စာကြည့်တိုက်တွင် စာပေများလာရောက်လေ့လာဖတ်ရှုကြသည့် စာပေဝါသနာရှင်များ ကဏ္ဍစုံလင်စွာ ဖတ်ရှုနိုင်ရန်အတွက် သုတ/ရသ စာအုပ်စာစောင်များကို မြို့နယ်စာပေချစ်မြတ်နိုးသူများ(Book Club)အဖွဲ့ အတွင်းရေးမှူးမှ လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။


ထိုသို့ လှူဒါန်းရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားပြီး မြို့နယ်စာပေချစ်မြတ်နိုးသူများ(Book Club)အဖွဲ့ အတွင်းရေးမှူး ဒေါ်ချိုချိုတင်က သုတ/ရသ စာအုပ်ပေါင်း ၁၀၀ ကျော်အား ပေးအပ်လှူဒါန်းရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက လက်ခံရယူပြီး ဂုဏ်ပြုစကား ပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - ကိုကိုဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)