စမ်းချောင်းမြို့နယ်တွင် ရှေးဦးပြုစုနည်းအခြေခံသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စမ်းချောင်းမြို့နယ်တွင် ရှေးဦးပြုစုနည်းအခြေခံသင်တန်းဖွင့်လှစ်

 


MNP - မတ်  ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ ရှေးဦးပြုစုနည်း အခြေခံသင်တန်းကို  ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါသင်တန်းတွင် စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ငြိမ်းချမ်းဝင်းက လူငယ်များ အနေဖြင့် နွေရာသီကျောင်းပိတ်ရက် ကာလအတွင်းအချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရန်နှင့် ကာယဉာဏစွမ်းရည်ဖွံ့ဖြိုး တိုးတတ်စေရန် အတွက် လူငယ်ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာယနေ့ သင်တန်းသည် တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ တက်ရောက် လာကြသည့် လူငယ် ကျောင်းသား/ ကျောင်းသူများအနေဖြင့်လည်း သင်တန်းမှပို့ချသည့် ပညာရပ်များကို ကြိုစားသင်ယူကြစေလို ကြောင်းဖြင့် ပြောကြားပြီး မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဇော်ဝင်းက ကြက်ခြေနီတပ်ဖွဲ့ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းနှင့် မြန်မာနိုင်ငံအနေဖြင့် ကြက်ခြေနီအသင်း စတင်ပေါ် ပေါက်လာ ပုံ အဆင့်ဆင့်တို့ကို ရှင်းလင်း ပြောကြားသည်။

အဆိုပါသင်တန်းကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ယမန်နေ့မှ ၃၀ရက်နေ့အထိ (၃)ရက်ကြာဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသို့ သင်တန်းသား(၂၀)ဦး တက်လျက် ရှိကာ သင်တန်းတွင် ရှေးဦးပြုစုနည်း၊ အရေးပေါ် အသက်ကယ်နည်းများ၊ လက်တွေ့ပြုစုနည်း များနှင့် ဘေးအန္တရာယ် ကြုံတွေ့ရပါက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို  စာတွေ့/ လက်တွေ့ သရုပ်ပြသင်ကြား ပြသပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်း - ခင်ငြိမ်းချမ်းဝင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)