ကယားပြည်နယ် ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ် ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ




MNP -မတ်    ၂၇

ကယားပြည်နယ် ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ကယားပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ် သယံဇာတရေးရာ ဝန်ကြီး ဦးစောဟူးဟူးက  ပြည်နယ်အနေဖြင့် အမျိုးသားအဆင့် ပတ်ဝန်းကျင်ရေးရာမူဝါဒ ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒနှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲဆိုင်ရာ မဟာဗျူဟာ၊ နှစ်တို/နှစ်ရှည်လုပ်ငန်း အစီအစဉ်များအား ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ ပြည်နယ်အလိုက် ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာ တွင် မိမိတို့ဒေသနှင့် သင့်လျော်သည့် နှစ်တို/နှစ်ရှည် လုပ်ငန်းလုပ်မည့် အစီအမံများရေးဆွဲရန်၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအမံများအရ ပတ်ဝန်းကျင်ညစ်ညမ်းမှု မရှိစေရေးအတွက် ပတ်ဝန်းကျင် အရည်အသွေး စံချိန်စံညွှန်းများအတိုင်း ဘက်စုံစောင့်ကြပ်စစ်ဆေးကြပ်မတ်ရန်၊  ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများအပေါ် အရေးပေါ် တုံ့ပြန်မှု အစီအစဉ်များဆောင်ရွက်ရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အသိအမြင်ပြန့်ပွားရေး၊ ပညာပေးရေး ကိစ္စရပ်များ ဆောင်ရွက်ရန် အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ ဦးမင်းသိန်းက လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ အသေးစိတ်ဆွေးနွေးပြီး တက်ရောက်လာကြသည့် ကော်မတီဝင်များမှ မိမိတို့ဌာနအလိုက် ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ လုပ်ငန်း ဆောင်ရွက်ချက်များကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီဝင်များမှ လွိုင်ကော်မြို့နယ်တွင် အဆောက်အဦများ တည်ဆောက်လျက်ရှိသော ကွန်ပျူတာတက္ကသိုလ်၊ ပညာရေးကောလိပ်နှင့် နောင်ယားကန်သာ နယ်နိမိတ်အတွင်း ပတ်ဝန်းကျင်ဆောင်ရွက် ထားရှိမှုများကို ကွင်းဆင်းစစ်ဆေးကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့ကြောင်းသိရသည်။

သတင်း - ကိုဇင်

မြန်မာနေရှငင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)