ဂွေးပင်ချိုရိုးကျေးရွာ၌ ဆိုလာစနစ်ဖြင့် တစ်နာရီတွင် ဂါလန် ၁၈၀၀ ရေတွင်းမှရေတင်ရရှိ၍ သောက်သုံးရေ အဆင်ပြေလွယ်ကူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွေးပင်ချိုရိုးကျေးရွာ၌ ဆိုလာစနစ်ဖြင့် တစ်နာရီတွင် ဂါလန် ၁၈၀၀ ရေတွင်းမှရေတင်ရရှိ၍ သောက်သုံးရေ အဆင်ပြေလွယ်ကူ



MNP - မတ်   ၂၆

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ဇီးပွားအုပ်စု၊ ဂွေးပင်ချိုရိုးကျေးရွာ၌ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သောက်သုံးရေ အဆင်ပြေလွယ်ကူစွာ ရရှိစေရေး သဘာဝမှ ရရှိသောစွမ်းအင်မှတစ်ဆင့် ဆိုလာစနစ်ဖြင့် ရေတင်ခြင်းလုပ်ငန်းများကို မတ်လ ၂၂ ရက်နေ့က ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါဆောင်ရွက်မှုလုပ်ငန်းများကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုဘတ်ဂျက် မူလရန်ပုံငွေကျပ် ၁၃ ဒသမ ၆ သန်းဖြင့် တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဦးစီးမှူး ဒေါ်မေသက်နိုင်နှင့်ဝန်ထမ်းများက ကြီးကြပ်၍ ဆိုလာအချပ်(၂၀)ချပ် တပ်ဆင်ခြင်းလုပ်ငန်းများကို(၁၅-၃-၂၀၂၂)ရက်နေ့မှစ၍ ဆောင်ရွက်ခဲ့ရာ (၂၂-၃-၂၀၂၂)ရက်နေ့တွင် ဆိုလာတပ်ဆင်ခြင်း လုပ်ငန်းများပြီးစီးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆိုလာစနစ်ဖြင့် ရေတင်ခြင်းတွင် ဆိုလာတစ်ချပ်(၄၅၀)ဝပ်ဖြင့် ဆိုလာအချပ်(၂၀)ချပ် တပ်ဆင်ခြင်းဖြစ်ပြီး တစ်နာရီတွင် ဂါလန် ၁၈၀၀ ရေတွင်းမှရေတင်ရရှိ၍ ယင်းကျေးရွာရှိ အိမ်ထောင်စု ၁၅၆ စု၊ လူဦးရေ ၇၀၆ ဦးတို့ သောက်သုံးရေအဆင်ပြေလွယ် ကူစွာ ရရှိမည်ဖြစ်ကြောင်းနှင့် လျှပ်စစ်ရေမီတာခနှင့် စက်သုံးဆီ ကုန်ကျမှုမရှိတော့ဘဲ ရေကိုအသုံးပြုခွင့်ရရှိမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

သတင်း - ကျော်မိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)