ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင်၂၀၂၂ ခုနှစ် နွေရာသီ အားကစားသင်တန်းများ ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင်၂၀၂၂ ခုနှစ် နွေရာသီ အားကစားသင်တန်းများ ဖွင့်လှစ်



MNP - မတ်    ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ၂၀၂၂ ခုနှစ်နွေရာသီ အားကစားသင်တန်းများဖြစ်သော အခြေခံဘောလုံးသင်တန်း၊ ဖူဆယ်ဘောလုံးသင်တန်း၊ တိုက်ကွမ်ဒိုသင်တန်း၊ ကရာတေးဒိုသင်တန်းများအား မြို့နယ်အားကစားကွင်း၌ မတ်လ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်သင်ကြား ပေးလျက်ရှိရာ အားကစား ဝါသနာပါသူ သင်တန်းသားများ စိတ်ပါဝင်စားစွာ တက်ရောက်သင်ကြားလျက်ရှိကြောင်းသိရသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိ ဘောလုံးပညာရှင်များ၊ ထူးချွန်ထက်မြက်သော အားကစား သမားများ ပေါ်ထွန်းလာစေရေး၊ မျိုးဆက်သစ် အားကစားသမားကောင်းများ စဉ်ဆက်မပြတ် ပေါ်ထွန်းရေး၊ မြို့နယ်/ ခရိုင်/ တိုင်း ကိုယ်စားပြု အားကစား သမားများမှတဆင့် နိုင်ငံ့လက်ရွေးစင် အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် နိုင်ငံတော်၏ အားကစား မြှင့်တင်ခြင်း လုပ်ငန်းများကို တစ်ဘက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန်တို့ကို ရည်ရွယ်၍ နွေရာသီအားကစား သင်တန်းများကို ဖွင့်လှစ် ရခြင်းဖြစ်ပြီး နေ့စဉ်သတ်မှတ်ချိန်အလိုက်   စနစ်တကျ သင်ကြားပို့ချပေးနေပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဘောလုံးနည်းပြများ၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်မှ မွေးထုတ်ပေးခဲ့သော နိုင်ငံ့လက်ရွေးစင် ဘောလုံးသမားဟောင်းများ သိုင်းပညာရှင်များနှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက အဆိုပါသင်တန်းများမှ မျိုးဆက်သစ် လူငယ်လေးများအား စနစ်တကျသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သတင်း - သန်းသန်းအေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)