ထားဝယ်မြို့နယ် သမဝါယမဦးစီးဌာနက အခြေခံစားသောက်ကုန်များကို အများပြည်သူ ဈေးနှုန်းချိုသာစွာဝယ်ယူနိုင်ရန် ရောင်းချပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထားဝယ်မြို့နယ် သမဝါယမဦးစီးဌာနက အခြေခံစားသောက်ကုန်များကို အများပြည်သူ ဈေးနှုန်းချိုသာစွာဝယ်ယူနိုင်ရန် ရောင်းချပေးလျက်ရှိ



MNP - မတ်     ၃ 

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်းထားဝယ်မြို့နယ်သမဝါယမဦးစီးဌာနက အခြေခံစားသောက်ကုန်များကို အများပြည်သူ ဈေးနှုန်းချိုသာစွာဝယ်ယူနိုင်ရန်အတွက်  ဗျောတောဝရပ်ကွက်၊ အာဇာနည်လမ်းမကြီးနံဘေး ဆဲဗင်းဒေး ရောင်းဝယ်အသင်း၊ ဒေါင်းငူရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ညနေဈေး၌ မြိုနယ်အသင်းစု ဆိုင်ခွဲများတွင်ရောင်းချပေးလျက်ရှိကြောင်းသိရှိရသည်။ 

သမဝါယမဦးစီးဌာနက ပြည်သူများ၏ စားဝတ် နေရေးအထောက်အကူပြုစေရန် ဒေသအတွင်း အများပြည်သူများအား ဧရာဝတီပေါ်ဆန်း(၁၂)ပြည်ဝင်အိတ်(၁)အိတ်လျှင် ကျပ် ၂၅၀၀၀ ၊ ပုသိမ်ဇီယာ ၁၆၀၀၀ ကျပ်၊ မော်လမြိုင်ဇီယာ(၁၂)ပြည်ဝင်အိတ် (၁)အိတ်လျှင် ၁၄၅၀၀ ကျပ်၊ ပေါ်ဆန်း(၁၂)ပြည်ဝင်အိတ်(၁)အိတ်လျှင် ၂၃၅၀၀ ကျပ်၊ ညောင်ဦးမြေပဲဆီ (၁ ပိဿာ) ၇၈၀၀ ကျပ်၊ စားသုံးဆီ ပုဇွန်နှစ်ကောင်ဆီ(၂လီတာ) ၇၄၀၀ ကျပ်၊ ပဲလွန်းဆီ(၂လီတာ) ၇၈၀၀ ကျပ်နှုန်းဖြင့်ရောင်းချပေးလျက်ရှိကြောင်းသိရသည်။ 

သတင်း - ရွှေပင်လယ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)