MNP - မတ် ၂၇
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီ အားကစား သင်တန်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲ ခရိုင်၊ သီပေါမြို့နယ် အားကစားကွင်းတွင် မတ်လ ၂၄ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်က စတင်၍ အခမဲ့ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
နွေရာသီအားကစားသင်တန်းအား ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များအားကစားကို စိတ်ပါဝင်စားပြီး အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျန်းမာကြံ့ခိုင်စေရန်၊ နိုင်ငံ့ဂုဏ်ဆောင် မည့် အားကစားသမားကောင်းများပေါ်ထွန်းလာစေရန်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ရှောင်ရှားနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ အဆိုပါသင်တန်းသို့ သီပေါ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူ (၁၅၀)ဦး တက်ရောက်ခဲ့ပြီး ဘောလီဘော၊ ဘောလုံး၊ခြင်းလုံး အားကစားနည်း(၃)မျိုးကို နည်းပြ(၁၀)ဦးက သင်ကြားပြသပေးလျက်ရှိကြောင်းနှင့် သင်တန်းကာလမှာ မတ်လ(၂၄)ရက် နေ့မှ ဧပြီလ(၈)ရက်နေ့အထိ ဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားမှူး ထံမှသိရသည်။
သတင်း - ခင်လေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment