ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုအားပေး


MNP ၊ မတ် ၃၁

၂၀၂၂ ခုနှစ် ယနေ့ နံနက် ၉ နာရီမှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲများကို စာဖြေဌာနအသီးသီး၌ ကျင်းပလျက်ရှိရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များသည် ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်ကျောင်း စာဖြေဌာန၌ ကျောင်းသား၊ ကျောင်းသူ ၁၄၀ ဦး ၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းစာဖြေဌာန၌ ကျောင်းသား၊ ကျောင်းသူ ၂၇၅ ဦး၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းစာဖြေဌာန၌ ကျောင်းသား၊ ကျောင်းသူ ၄၅၆ ဦး တို့၏ မြန်မာစာဘာသာဖြေဆိုနေမှုအား သွားရောက်ကြည့်ရှု အားပေးပြီး  ကျောင်းသား၊ကျောင်းသူများ စိတ်အေး ချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရေး လိုအပ်သည် များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


ကရင်ပြည်နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုရန်စာရင်းပေးထားသူ ၅၉၁၈ ဦး ရှိသည့်အနက် ၅၃၆၈ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ရာခိုင်နှုန်းအားဖြင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ၉၀ ဒသမ ၇၁ ရာခိုင်နှုန်း ရှိကြောင်း သတင်းရရှိသည်။


သတင်း - စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)