MNP - မတ် ၂၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ကူညီကယ်ဆယ် ရေးလုပ်ငန်းအဖြစ်၊ မတ်လ (၂၄) ရက်နေ့ ညပိုင်းက မြို့မတောင်ရပ်ကွက်ရှိ နေအိမ်ပေါ်သို့ မန်ကျီးပင် ပြိုလဲမှုအား ကူညီရှင်းလင်းဖယ် ရှားခြင်းကို ယမန်နေ့နံနက် (၈) နာရီက မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးစီး၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့၊ မြို့မတောင်ရပ်ကွက် မြို့ရှေ့ပန်းသီတာဉယျာဉ် အနောက်ဘက်ရှိ နေအိမ် တစ်လုံးပေါ်သို့ လွန်ခဲ့သည့် မတ်လ (၂၃) ရက်နေ့က မုန်တိုင်းအရှိန်ဖြင့် တစ်နေကုန်ရွာသွန်းခဲ့သော မိုးကြောင့်၊ မြေသာအိကာ အမြစ်ကျွံ၍ လူနေအိမ်ပေါ်သို့ မန်ကျီးပင် ပြိုလဲမှုဖြစ်ပွားခဲ့ရာ၊ မြို့မ တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းငွေ နှင့်ရပ်မိရပ်ဖများ၏ အကူ အညီတောင်းခံမှုဖြင့် မြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်နိုင်လင်း မှ အနီးကပ်ကြီးကြပ်၍ အရန်မီးသတ် ဒုတိယ တပ်ရင်းမှူး ဦးစိုးနောင် ဦးဆောင်သည့်၊ သန္ဓေနှင့်အရန်တပ်ဖွဲ့ဝင်အင်အား (၃၀) ဦးဖြင့်၊ လုံးပတ် (၄) ပေခွဲ၊ အရှည်ပေ (၅၀) ခန့်ရှိ မန်ကျီးပင်အား ခုတ်ထွင် ရှင်းလင်းဖယ်ရှားပေးခဲ့ကြောင်း သိရသည်။
သတင်း - နေအောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment