ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းဆောင်ရွက်



MNP ၊ မတ်   ၃၁

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်ကာ နိုင်ငံ တကာမှခရီးသည်များ အဓိက ဝင်/ ထွက်ပေါက်ဖြစ်သည့် နိုင်ငံတကာဆိုက်ရောက် (International Arrival) အဆောက်အဦနှင့် ပြည်တွင်းဆိုက်ရောက် (Domestic Arrival) အဆောက်အဦအတွင်း ဝန်ကြီးဌာနမှ ခရီးသွားဧည့်သည်များအတွက် ဖွင့်လှစ်ထားသော သတင်းနှင့် ပြန်ကြားရေးကောင်တာ (Tourist Information Counter) များကို စစ်ဆေးကြည့်ရှုသည်။

ယင်းနောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ရုံးခွဲတာဝန်ခံ ညွှန်ကြားရေးမှူးက သတင်းနှင့်ပြန်ကြားရေးကောင်တာများ (Tourist Information Counter) ဖွင့်လှစ်ထားရှိမှုနှင့် နိုင်ငံခြားသား ခရီးသည်ဝင်ရောက်လာချိန်တွင် အသင့်ဖြစ်နေစေရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားမှုများကြောင့် ယာယီပိတ်ထားခဲ့သော နိုင်ငံတကာလေကြောင်းလိုင်းများအား ဧပြီ (၁၇) ရက်မှ စတင်၍ ပြန်လည်ပြေးဆွဲတော့မည်ဖြစ်ရာ ခရီးသွားဧည့်သည်များအတွက် လိုအပ်သော သတင်းအချက်အလက်များ ပြည့်ပြည့်စုံစုံ ပြန်ကြားပေးနိုင်ရေးနှင့် ကောင်းမွန်သော ဝန်ဆောင်မှုများ ပေးစွမ်းနိုင်ရေးတို့အတွက် အထူးဂရုပြု  ပြင်ဆင်ဆောင်ရွက်ထားရှိကြရန် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ နိုင်ငံတကာ ဆိုက်ရောက်အဆောက်အဦရှိ လူဝင်မှုကြီးကြပ်ရေးကောင်တာများ (Immigration Counter) မှ တာဝန်ရှိသူများ၊ အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်လေဆိပ်တာဝန်ကျ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး နိုင်ငံတကာဧည့်သည်များ ဝင်ရောက်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်တွင်းဆိုက်ရောက်အဆောက်အဦအတွင်း ဖွင့်လှစ် ထားရှိသည့် သတင်းနှင့်ပြန်ကြားရေးကောင်တာ (Tourist Information Counter) ကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။         


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)