ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်သို့ လာရောက်စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်သို့ လာရောက်စစ်ဆေး


MNP ၊ မတ် ၅ 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့ နံနက် ၉ နာရီခွဲတွင် မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ် (သန်လျင်)သို့ ရောက်ရှိခဲ့ပြီး ပါမောက္ခချုပ်ရုံး အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ကျောင်းသား/ ကျောင်းသူအဆောင်များ တည်ဆောက်ရန် ကိစ္စရပ်များ၊ ဘဏ္ဍာနှစ်အလိုက် တည်ဆောက်ပြီး၊ တည်ဆောက်ဆဲ အခြေအနေများနှင့် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် ဘွဲ့ကြို သင်တန်းများနှင့် ဘွဲ့လွန်ဒီပလိုမာသင်တန်း ဖွင့်လှစ်မှုကို ရှင်းလင်းတင်ပြသည်။


ယင်းနောက် ဒုတိယဝန်ကြီးက တင်ပြချက်များအပေါ် ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ လက်ရှိနိုင်ငံရေးအခြေအနေ၊ လုံခြုံရေးနှင့် ကျန်းမာရေး ကိစ္စရပ်များနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စတင်တည်ဆောက်စဉ်ကတည်းက ခိုင်ခံ့မှုရှိစေရေး၊ တည်ဆောက်ပြီးပါကလည်း ထိန်းသိမ်းမှုအပိုင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ကြရေး ကိစ္စရပ်များကို ရှင်းလင်းမှာကြားခဲ့ပြီး တက္ကသိုလ်ဝင်းအတွင်းရှိ Simulator ခန်းအဝင်ပေါက်အတွက် ပတ်လမ်းပြုလုပ်သွားရေး၊ ဘောလုံးကွင်းအကြီးစား ပြုပြင်ဆောင်ရွက်နေမှုနှင့် ကျောင်းသား/ ကျောင်းသူအဆောင် တည်ဆောက်မည့် မြေနေရာတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)