ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဟာဘီ(အနောက်ရွာ)တွင် စိတ်ကြွရူးသွပ်ဆေးပြား များဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဟာဘီ(အနောက်ရွာ)တွင် စိတ်ကြွရူးသွပ်ဆေးပြား များဖမ်းဆီးရမိ


MNP  မတ် ၃

ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ် သီဟိုဠ်ကျွန်းကျေးရွာအုပ်စု ၊ ဟာဘီ(အနောက်ရွာ)တွင် ယမန်နေ့ ညနေ (၁၉:၀၀ )အချိန် စိတ်ကြွရူးသွပ်ဆေးပြား များဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည်  သတင်းအရ  သက်သေများ နှင့်အတူ သီဟိုဠ်ကျွန်း ကျေးရွာအုပ်စု ၊ ဟာဘီ(အနောက်ရွာ)ရှိ အေရှာတ်ဟူဆောင်း(ကျား)၏ ကုန်စုံဆိုင်အား ဝင်ရောက်ရှာဖွေရာ ၎င်းအား တွေ့ ရှိပြီး ဆိုင်အား ရှာဖွေရာ ၎င်းထိုင်သည့် ကောင်တာစားပွဲ အနီးရှိ မုန့်ဖာ အတွင်းမှ အဖြူရောင် ပလက်စတစ်အိတ်ဖြင့် ထုတ်လျက် မှိုင်းကိုင်စက္ကူဖြင့် ပတ်ထားပြီး အတွင်း၌ အပြာရောင် အထုတ်(၁)ထုတ်)စီတွင် စိတ်ကြွရူးသွပ်ဆေးပြား W/R စာတမ်းပါ လိမ္မော်ရောင်ဆေးပြား(၁၉၅)ပြားစီပါ (၉)ထုတ် စုစုပေါင်းဆေးပြား(၁၇၅၅)ပြား ၊ အလေးချိန် (၁၅၇.၉၅) ဂရမ်ခန့် တွေ့ရှိသိမ်းဆည်းပြီး  မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိသူ  အေရှာတ်ဟူဆောင်း(ကျား)(၃၆)နှစ် (ဘ) နူရ်အာမတ် ဟာဘီ(အနောက်ရွာ)နေသူနှင့် မူးယစ်ဆေးဝါး ရောင်းချ ပေးသူ   ဟာရှိဒ်အူလ္လာ(ကျား) (၂၀) နှစ်ခန့် (ဘ) အီလီယာမ် ဟော်ရီတူလ္လာကျေးရွာ မြို့ဦးရွာနေ (တိမ်းရှောင်) တို့ နှစ်ဦးအား  နယ်မြေစခန်း(ပြင်ဖြူ)တွင် မယ(ပ)၂/၂၀၂၂ ၊ မူးစိတ်ပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့်လှစ်ကာ တရားဉပဒေအရ အရေးယူနိုင်ရေး  စီစဉ် ဆောင်ရွက် လျှက် ရှိ ပြီး ဆက်စပ် တရားခံအား အမြန်ဆုံးဖမ်းဆီးနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - ဝေလ(မောင်တော)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)