ကလေးမြို့တွင် (၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလေးမြို့တွင် (၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်



MNP -  မတ်  ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ ၂၀၂၂ ခုနှစ် မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ယမန်နေ့နံနက် (၁၀) နာရီက ဗိုလ်ချုပ်ဈေးတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ဖြန့်ဝေရာတွင် ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်း များမှ မြို့မဈေးရှိ ဈေးရောင်း/ ဈေးဝယ်များ၊ လူစည်ကားသည့် လမ်းများနှင့် ဈေးဆိုင်များတွင် အများပြည်သူများ လေ့လာ ဖတ်ရှုနိုင်ရန်အတွက် အခမဲ့ဖြန့်ဝေပေးခဲ့ သည်။

အဆိုပါ လက်ကမ်းစာစောင်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်၏ အစဉ်အလာကောင်း (၁၂) ရပ်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် (၇၆)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်းမှ ကောက်နုတ်ချက်များ၊ နွေအလှ၊  တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်၊ အသက်သွေးချွေးစဉ် မနှေးပေးဆပ်သည်မှာ တပ်မတော်ပါ၊ တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက် စသည့်တပ်မတော်၏ ဆောင်ပုဒ်များဖြင့် ပြည့်စုံဝေဆာစွာ ဖော်ပြထားသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးခရိုင်ရုံးမှ တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ လိုက်လံဖြန့်ဝေသည့်အပြင် အများပြည်သူများ လေ့လာဖတ်ရှုနိုင်ရန် ပြည်သူ့စာကြည့်တိုက်တွင်လည်း ထားရှိထား ကြောင်း သိရှိရသည်။

မြန်မာနေရှင်နယ်ပိုစ့်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)