၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အသက်(၇၃)နှစ်အရွယ်ရှိ အမျိုးသား တစ်ဦး ဝင်ရောက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အသက်(၇၃)နှစ်အရွယ်ရှိ အမျိုးသား တစ်ဦး ဝင်ရောက်ဖြေဆို



MNP - မတ်    ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၌ ယနေ့ ကျင်းပသည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲသို့ အသက်(၇၃)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး ဝင်ရောက် ဖြေဆိုကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုသူမှာ ဦးချစ်စိုးဖြစ်ပြီး ၁၉၆၅ ခုနှစ်က ဒသမတန်းကို (ခ)အဆင့်ဖြင့် အောင်မြင်ခဲ့သည့် မူလတန်းကျောင်းအုပ်ဆရာကြီး (ငြိမ်း)ဖြစ်ကြောင်း ယခု ကျင်းပသည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အမှတ်(၁)၊ အခြေခံပညာ အထက်တန်းကျောင်းတွင် ခုံနံပါတ် (အည-၁၂၄၇) ဖြင့် အတွဲ(၂) ဘာသာရပ်အား ဝင်ရောက်ဖြေဆိုခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ထက်ဝေဖြိုး

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)