ပုသိမ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၇/၂၀၂၂) အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၇/၂၀၂၂) အခမ်းအနား ကျင်းပ


MNP - မတ်   ၂၈

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့တွင် ကျရောက်မည့် မဟာ သင်္ကြန်ပွဲတော် ပုသိမ်မြို့၌ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လည်ပိုင်းက ပုသိမ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပုသိမ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းကိုကိုက ယခုညှိနှိုင်း အစည်းဝေးသည် ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျရောက်မယ့် ၁၃၈၃ ခုနှစ်၊ မဟာသင်္ကြန် ပွဲတော်အား စည်ကားသိုက်မြိုက် ပျော်ရွှင်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြုလုပ်ခြင်းဖြစ် ကြောင်း၊ ပုသိမ်မြို့နယ်အတွင်းမှာ ယခင်ပြီးခဲ့သည့်နှစ်များက နယ်မြေတည်ငြိမ် အေးချမ်းမှု အခြေအနေနှင့် ကိုဗစ်-၁၉ ရောဂါအခြေအနေများကြောင့် မကျင်းပခဲ့ရတဲ့အတွက် ယခုနှစ် နှစ်ကူးအတာ သင်္ကြန်ပွဲတော်ကို  ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဧပြီလ ၁၃ ရက်နေ့ အကြိုနေ့မှ၊ ၁၆ ရက်နေ့ အတက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ နှစ်သစ်ကူး အတာင်္ကြန်ပွဲတော်ကို စည်းကမ်းရှိရှိနှင့် စည်ကားသိုက်မြိုက် ပျော်ရွှင်အောင်မြင်စွာ ကျင်းပနိုင်ရန် အစိုးရအဖွဲ့နှင့်အတူ ဌာနဆိုင်ရာများအားလုံးက ကော်မတီများအလိုက် အတူတကွ ပူးပေါင်းပြီး နှစ်သစ်ကူး အတာသင်္ကြန် အခါသမယကို ချစ်ခင်စည်းလုံးစွာ ဖြတ်သန်းကြနိုင်ရန်ဖြစ်ပါကြောင်း၊ ပုသိမ်မြို့နယ်တွင် နှစ်ဆန်းတစ်ရက်နေ့တွင် သက်ကြီးရွယ်အိုများအား ပူဇော်ခြင်း၊ ပရိတ်တရား တော်များ နာယူခြင်း၊ စုပေါင်း ငါးလွှတ်ပွဲများ ကျင်းပခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ ပွဲတော်များကိုလည်း ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပစေလိုကြောင်းနှင့် မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တက်ရောက်လာသူများကလည်း ဝိုင်းဝန်း ဆွေးနွေးပေးကြစေလို ကြောင်းပြောကြားပြီး ကျင်းပပြုလုပ်သွားမည့် အစီအစဉ်များကို ကြိုတင် စီစဉ်ထားရမည့် ကိစ္စရပ်များနှင့်ပါတ်သက်၍ ပရိုဂျက်တာဖြင့်ရှင်းလင်းဆွေးနွေးသည်။

အခမ်းအနား ကြိုတင်ပြင်ဆင်ရေးနှင့် ဖွင့်ပွဲပိတ်ပွဲများတွင် ပြုလုပ်သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆပ်ကော်မတီများအလိုက်ကြိုတင် စီစဉ်ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် ကုန်ကျမည့် ငွေကြေးပမာဏနှင့် ယိမ်းအဖွဲ့များ ပါဝင်ကပြပြိုင်ပွဲဝင်မည့် အဖွဲ့များနှင့် ဆုချီးမြှင့်မည့် အစီအစဉ် များကို ဆွေးနွေးတင်ပြခဲ့ကြရာ စီစဉ်ဆောင်ရွက်ထားရှိမှုများကို ဆပ်ကော်မတီအသီးသီးမှ အသေးစိတ် ဆွေးနွေးခဲ့ကြသည်။ စီစဉ်ဆောင်ရွက်ထားရှိမှုများကို ဆပ်ကော်မတီများ အလိုက် ပြန်လည်တင်ပြသွားကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)