သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုတည်မြဲအမိန့် (၂၀၂၂) (မူကြမ်း)ရေးဆွဲထားရှိမှုနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုတည်မြဲအမိန့် (၂၀၂၂) (မူကြမ်း)ရေးဆွဲထားရှိမှုနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး ကျင်းပ


MNP ၊ မတ် ၁၀

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုတည်မြဲအမိန့် (၂၀၂၂) (မူကြမ်း)ရေးဆွဲထား ရှိမှုနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေး ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ (၁/၂၀၂၁)တွင် ကော်မတီဥက္ကဋ္ဌ၏  လမ်းညွှန်ချက်အရ “သဘာဝဘေး ဆိုင်ရာ စီမံခန့်ခွဲမှုအတွက် တည်မြဲအမိန့် (၂၀၀၉)” ကို ခေတ်ကာလနှင့်လျော်ညီစွာ ပြင်ဆင် နိုင်ရေးအတွက် Core Group ဖွဲ့စည်းပြီး ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်း ကော်မတီ များကို ဦးဆောင်သည့် ဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှု အားကောင်းသဖြင့် သတ်မှတ်အချိန်အတွင်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ သဘာဝဘေးနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်လျက် ရှိသည့် ဆက်စပ်မိတ်ဖက်အဖွဲ့အစည်းများ၏ သဘောထားအကြံပြုချက်များကိုလည်း ထည့်သွင်းရေးဆွဲရန်လိုကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (လုပ်ငန်း)က သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုတည်မြဲအမိန့် (၂၀၂၂)(မူကြမ်း)ရေးဆွဲ ထားရှိမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အမြဲတမ်း အတွင်းဝန်တို့က ပြင်ဆင်ဖြည့်စွက်ရန် လိုအပ်သည်များ၊ ပြဋ္ဌာန်းပြီးဖြစ်သည့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၊ နည်းဥပဒေများနှင့် ချိတ်ဆက်ရေးသားရမည့် အချက် များ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဖြည့်စွက်ဆွေးနွေးပြီးကြပြီး တက်ရောက် လာသူများက ဆောင်ရွက်သင့်သည်များကို ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြကြောင်း  သတင်း ရရှိပါသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)