ဒေးဒရဲမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်များ စတင်ထုတ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေးဒရဲမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်များ စတင်ထုတ်ပေး



MNP - မတ်    ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုခွင့်ကတ်များ ထုတ်‌‌ပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက စတင်၍ သက်ဆိုင်ရာ စာစစ်ဌာနများတွင် စတင်ထုတ်ပေးလျက်ရှိသည်။

တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့် ကတ်များအား ယနေ့မှ စ၍ နေ့စဉ် နံနက် ၁၀ နာရီမှ ညနေ ၄နာရီအထိ သက်ဆိုင်ရာ စာစစ်ဌာနများတွင် ဘာသာတွဲအလိုက် သတ်မှတ်ထားသည့် အရောင် များဖြင့် စာမေးပွဲဖြေဆိုချိန် မတိုင်မီ အချိန်အထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ဖြေဆိုခွင့် ကတ် ထုတ်ယူရာတွင် ကျောင်းသား၊ ကျောင်းသူများ‌အနေဖြင့် မှတ်ပုံတင် ယူဆောင်လာရမည် ဖြစ်ပြီး မှတ်ပုံတင်မရှိပါက အိမ်ထောင်စုစာရင်း (သို့) တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်သူဖြစ်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ထောက်ခံချက် တစ်ခုခုယူဆောင်လာရမည်ဖြစ်ပြီး ယာယီကတ်ပြားတွင် ကပ်ရန်အတွက် ပတ်စ်စပို့ဓာတ်ပုံ(၁)ပုံစီ ယူလာရမည်ဖြစ်ကြောင်း၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့ဖြေဆိုရမည့် စာစစ်ဌာနများအလိုက် ကြီးကြပ်ရေးမှူးများထံတွင် ထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်အတွင်း ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အ.ထ.က (၁)၊ အ.ထ.က (တော်ကမယ်)၊ အ.ထ.က(နောက်ပြန်တိုး)နှင့် အ.ထ.က(ကျုံဒါး)ကျောင်း စာစစ်ဌာန (၄)ခုတို့ တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး စာစစ်ဌာန(၄)ခုတွင် အတွဲ(၁)၊ အတွဲ(၂)၊ အတွဲ(၅)နှင့် အတွဲ (၇) ဘာသာရပ်များကို ကျောင်းတွင်းဖြေ (၇၁၇)ဦးနှင့် ပြင်ပဖြေ (၂၉၄)ဦး ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၀၁၁)ဦး ရှိကြောင်း အဆိုပါ စာမေးပွဲအား မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သတင်း - ရွှေဒေးသူ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)