တိုက်ကြီး၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ကျေးရွာ(၄၇)ရွာတို့တွင် ရန်ပုံငွေများထုတ်ချေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုက်ကြီး၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ကျေးရွာ(၄၇)ရွာတို့တွင် ရန်ပုံငွေများထုတ်ချေး


MNP - မတ်    ၂

ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ကျစေရန်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ မိသားစုဝင်ငွေတိုးပွားရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ကျေးရွာ (၄၇)ရွာတို့တွင် မြစိမ်းရောင်စီမံကိန်း လည်ပတ်ရန်ပုံငွေများကိုနေ့ချင်းပြီး ပြန်ဆပ်/ထုတ်ချေးစနစ်ဖြင့် ရာနှုန်းပြည့် ထုတ်ချေးပြီးဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာ(၄၇)ရွာ၌ စိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်သူ(၂၃၁၆)ဦး၊ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်သူ (၂၃၆၆)ဦး၊ ရေလုပ်ငန်းဆောင်ရွက် သူ(၉၉)ဦး၊ အရောင်းအဝယ်ဆောင်ရွက်သူ (၂၀၁)ဦး နှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းဆောင်ရွက်သူ (၇၃၈)ဦး စုစုပေါင်း အသင်းသား(၅၇၂၀)ဦးတို့ကို စီမံကိန်းရန်ပုံငွေ (၁၇၅၈.၁၆၄) သန်းအား တိုက်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်စုသီတာလင်းနှင့်စီမံ ကိန်းတာဝန်ခံဝန်ထမ်းများက သက်ဆိုင်ရာ မြစိမ်းရောင် ကျေးရွာစီမံကိန်း ကော်မတီဝင်များနှင့်အတူ ကျေးရွာများတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ထုတ်ချေး ဆောင်ရွက်ပေးခဲ့ကြကြောင်းလည်း သိရသည်။

မြစိမ်းရောင်ကျေးရွာ စီမံကိန်းဖြင့် ကျေးလက်နေ ပြည်သူများ၏ ဆင်းရဲမှုလျော့ကျစေရန် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်းဖြင့် ကျေးရွာ(၄၇)ရွာတို့တွင် လည်ပတ်ဆောင်ရွက်ခဲ့ရာတွင်လည်း အတိုးရငွေကျပ် စုစုပေါင်း(၁၂၂.၂၃၃၆၃)သန်း ရရှိခဲ့ကြောင်းလည်း သိရသည်။၏

သတင်း - စန်းကလျာခိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)