ကချင်ပြည်နယ်ဝန်ကြီးချုပ် နယ်မြေလုံခြုံရေးအရ ခေတ္တတိမ်းရှောင်လာသော ဆွတ်ပီယန်ဒေသခံ ပြည်သူများ နေရပ်ပြန်လည်ပို့ဆောင်နိုင်ရေး စီမံဆောင်ရွက်ပေးခဲ့ပြီး ဒေသခံပြည်သူများအား တွေ့ဆုံအားပေးထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် နယ်မြေလုံခြုံရေးအရ ခေတ္တတိမ်းရှောင်လာသော ဆွတ်ပီယန်ဒေသခံ ပြည်သူများ နေရပ်ပြန်လည်ပို့ဆောင်နိုင်ရေး စီမံဆောင်ရွက်ပေးခဲ့ပြီး ဒေသခံပြည်သူများအား တွေ့ဆုံအားပေးထောက်ပံ့


MNP - မတ်     ၃၀

ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပူတာအိုခရိုင်အတွင်းရှိ ဆွတ်ပီယန်ကျေးရွာအုပ်စုနှင့် လုံရှာယန်ကျေးရွာ အုပ်စုများမှ နယ်မြေလုံခြုံရေးအခြေအနေအရ မြစ်ကြီးနားမြို့နယ်အတွင်း နေရပ် စွန့်ခွာ တိမ်းရှောင်လာသော ဒေသခံပြည်သူများအား ၎င်းတို့၏ နေရပ်ကျေးရွာများသို့ ပြန်လည် နေထိုင်ရေးစီမံဆောင်ရွက်ပေးခဲ့ရာ ယနေ့ နံနက် ၇ နာရီခွဲတွင် စီတာပူရပ်ကွက်ရှိ မနောကွင်း အတွင်း စုရပ်ပြုလုပ်ပြီး နေရပ်ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

မနောကွင်းအတွင်း စုရပ်ပြုလုပ်၍ နေရပ်စွန့်ခွာ တိမ်း‌ရှောင်လာသော ပြည်သူများအား နေရပ် ပြန်လည်နေထိုင်ရေးအတွက် စီမံဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ  ပြန်လည်လိုက်ပါပို့ဆောင်ပေးကြမည့် ခရစ်ယာန်ဘာသာရေးအသင်းအဖွဲ့များမှ ဘုန်းတော်ကြီးများ၊ တာဝန်ရှိသူများနှင့် တိမ်းရှောင်ပြည်သူများအား ရင်းရင်းနှီးနှီး သွားရောက်တွေ့ဆုံအားပေးခဲ့ကြ သည်။

ထို့သို့ တွေ့ဆုံအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက လမ်းခရီးတွင် စားသောက်နိုင်ရေး မုန့်နှင့် ရေဘူးများ၊ သက်ကြီးဘိုးဘွားများနှင့် မိခင်များအတွက် ထောက်ပံ့ငွေ များကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နေရပ်ပြန်လည်နေထိုင်ရာတွင် လိုအပ် သည့် အခက်အခဲများ၊ နေထိုင်စားသောက်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည့် အစီ အစဉ်များ၊ ကျောင်းသားကလေးငယ်များ စာမေးပွဲဖြေဆိုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားသည့် ကိစ္စရပ်များနှင့် နေရပ်ကျေးရွာများတွင် အေးချမ်းလုံခြုံစွာ နေထိုင်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေး ထားမှု အခြေအနေများကို ရှင်းလင်းအားပေးပြောကြားပြီး လမ်းခရီး အစဉ်ပြေချောမွေ့စေရေး လိုအပ်သည်များကို ဘာသာရေးခေါင်းဆောင်များ၊ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။

ပူတာအိုခရိုင်အတွင်း မတ်လအစောပိုင်းကာလ၌ နယ်မြေလုံခြုံရေးအခြေအနေအရ ဆွတ်ပီယန် ကျေးရွာအုပ်စုမှ ဆွတ်ပီယန်၊ ခင်ဒူယန်၊ အင်စီးယန်ကျေးရွာများနှင့် လုံရှာယန်ကျေးရွာအုပ်စု၊ လုံရှာယန်ကျေးရွာတို့မှ ဒေသခံအိမ်ထောင်စု ၃၄၅ စု၊ လူဦးရေ ၁၃၇၀ တို့သည် ပူတာအိုမြို့နယ်၊ မြစ်ကြီးနားမြို့နယ်နှင့် တောတွင်းများသို့ ခေတ္တတိမ်းရှောင်ခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်  နေရပ်စွန့်ခွာပြည်သူများအား နေရပ်ပြန်လည်နေထိုင်နိုင်ရေး၊ နယ်မြေလုံခြုံမှုရှိစေရေးတို့အတွက် အဖွဲ့အစည်းသီးသီးနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး နေရပ်ကျေးရွာများသို့ ပြန်လည်ရောက်ရှိရေးအတွက် မော်တော်ယာဉ်(၆)စီးနှင့် ထောက်ပံ့ငွေများ၊ စားနပ်ရိပ်က္ခာ(၃)လစာအပြင် ကယ်ဆယ်ရေးပစ္စည်းများဖြင့် စုစုပေါင်း တန်ဖိုးငွေကျပ် (၁၁၉၅၉၁၅၀ဝိ/-) ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ယနေ့ ပြန်လည်ပို့ဆောင်သည့် အိမ်ထောင်စု (၂၆၃)စုမှာ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဘာသာရေး ကျောင်းများနှင့် ဆွေမျိုးနေအိမ်များတွင် ခေတ္တတိမ်းရှောင်လာသည့် ပြည်သူများဖြစ်ကြောင်း သိရှိရသည်။

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)