နေကြာစိုက်ပျိုးထုတ်လုပ်မှုပြပွဲ၊ နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရေးနှင့် စိုက်ပျိုးထုတ်လုပ်မှု နည်းပညာပေးသင်တန်း ရွှေဘို၌ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေကြာစိုက်ပျိုးထုတ်လုပ်မှုပြပွဲ၊ နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရေးနှင့် စိုက်ပျိုးထုတ်လုပ်မှု နည်းပညာပေးသင်တန်း ရွှေဘို၌ပြုလုပ်



MNP - မတ်    ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ ရှင်ယွန်းစံခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က နေကြာစိုက်ပျိုးထုတ်လုပ်မှုပြပွဲကို ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူး ဦးအောင်ကြည်ဝင်းက နေကြာစိုက်ပျိုးမှုရရှိသည့် အကျိုးကျေးဇူးများ၊ မြေသြဇာသုံးစွဲမှုနှင့် သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်းများကို တောင်သူများ သိရှိလိုက်နာစေရန် ရှင်းလင်းပြောကြားပြီး နေကြာမျိုးကောင်း မျိုးသန့်များ ရွေးချယ်စိုက်ပျိုးရန် အကြံပေးခဲ့သည်။

ထို့နောက် နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရေးနှင့် စိုက်ပျိုးထုတ်လုပ်မှု နည်းပညာပေး သင်တန်းကို ဖွင့်လှစ်ခဲ့သည်။ ရှေးဦးစွာ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် ရွှေဘိုခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးတင်မောင်ဆွေ က နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးမည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

 ဆက်လက်ပြီး တက်ရောက်လာသော နေကြာသီးနှံစိုက်ပျိုးမည့် တောင်သူများကို ဒုတိယ တိုင်းဒေသကြီး ဦးစီးမှူးက နေကြာစိုက်ပျိုးမည့် နည်းပညာနှင့် မြေအခြေအနေ၊ မြေသြဇာ အကြောင်းကို ရှင်းလင်းဆွေးနွေးပို့ချခဲ့သည်။ နေကြာသီးနှံမျိုး ကောင်းမျိုးသန့် ရွေးချယ် စိုက်ပျိုးနိုင်ရေးနှင့် လိုက်နာရမည့်အချက်များကို သီးနှံတာဝန်ခံ ဒေါ်မေကြွယ်ဝင်းက ပို့ချဆွေးနွေးခဲ့ကြောင်း သိရသည်။ နေကြာစိုက်မည့်တောင်သူ ၂၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်း - စိုးသီဟ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)