နမ့်စန်တွင် ကျား/မရေးရာ၊ ရေအသုံးချမှုနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်စန်တွင် ကျား/မရေးရာ၊ ရေအသုံးချမှုနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ သင်တန်းဖွင့်လှစ်



 MNP -  မတ်    ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် လွိုင်လင်မြို့အခြေစိုက် လွိုင်ခမ်းအမျိုးသမီးအဖွဲ့က ဆောင်ရွက်သော ကျား/မရေးရာ၊ ရေအသုံးချမှုနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ (Wash and Gender Awareness Raising) သင်တန်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့နံနက် ၉ နာရီက စတင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ၂ ရက်ကြာဖွင့်လှစ်၍ လွိုင်ခမ်း အမျိုးသမီးအဖွဲ့ ဒါရိုက်တာ ဒေါ်နန်းသန်းသန်းညွန့် ဦးဆောင်သော အဖွဲ့က လိင်(Sex) နှင့် ကျားမရေးရာ(Gender)၊ ရေအသုံးချမှု နှင့် အလုပ်တာဝန်ခွဲဝေမှု၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် အမျိုးသမီးများအတွက် ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါသင်တန်းသို့ အမှတ်(၅)ကျေးရွာအုပ်စု၊ နောင်ဟီးကျေးရွာအုပ်စု၊ မက်မွန်မုန်းကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာအုပ်စု၊ ဟိုင်းနာကြီးကျေးရွာအုပ်စုတို့ရှိ ကျေးရွာ ၇ ရွာမှ ဒေသခံအမျိုးသား အမျိုးသမီး စုစုပေါင်း ၃၀ ဦး တက်ရောက်လျှက်ရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပိုစ့်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)