(၇၇)နှစ်မြောက် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် လေးမျက်နှာမြို့နယ် ကညင် တိုင်း-မှန်တန်း-စောပြာ-ပဆင ကျောက်ချောလမ်းသစ်ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၇)နှစ်မြောက် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် လေးမျက်နှာမြို့နယ် ကညင် တိုင်း-မှန်တန်း-စောပြာ-ပဆင ကျောက်ချောလမ်းသစ်ဖွင့်ပွဲကျင်းပ



MNP - မတ်   ၂၇

(၇၇)နှစ်မြောက် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကညင်တိုင်း-မှန်တန်း-စောပြာ-ပဆင ကျောက်ချောလမ်း သစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပရာ ဟင်္သာတခရိုင်စီမံ အုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ဟင်္သာတခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)ဦးအောင်နိုင်ဝင်း၊ လေးမျက်နှာမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ)ဦးမြင့်လင်းနှင့် မြို့နယ်ဌာနဆိုင်ရာများ၊ ကျေးရွာသူကျေးရွာသားများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ဟင်္သာတခရိုင်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းမှ လေးမျက်နှာမြို့နယ်သည် စိုက်ပျိူးရေးကိုအဓိကထား လုပ်ကိုင်ဆောင်ရွက်နေသည့် မြို့နယ်ဖြစ်သည့်အတွက် ကျေးလက်နှင့်မြို့ပြ ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်စေရေး၊ ကျေးလက် ဒေသနေပြည်သူများ၏ဘဝ ဖွံ့ဖြိုး တိုးတက်စေရေး အထူးအလေးပေး ဆောင်ရွက်လျက်ရှိကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ သည်။ ထို့နောက် လေးမျက်နှာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးမြင့်လင်းမှ ကျောက်ချောလမ်း နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကျေးရွာသူ၊ ကျေးရွာသားများကိုယ်စား ရွာသားတစ်ဦးမှ ယခုလိုကျောက်ချောလမ်း ဖောက်လုပ်ပေးမှုအတွက် အထူးပင် ဝမ်းသာမိပါကြောင်း ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ထို့နောက် ဟင်္သာတခရိုင် စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊  ဟင်္သာတခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးအောင်နိုင်ဝင်းနှင့် လေးမျက်နှာမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်တို့မှ ကျောက်ချောလမ်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး၍ ကျောက်ချောလမ်းအား ကြည့်ရှုစစ်ဆေးကြသည်။

အဆိုပါလမ်းသည် ယခင်က ၁၄ပေအကျယ်ရှိသော ကျေးရွာချင်းဆက်မြေသားလမ်းဖြစ်ပြီး ယခုအခါ ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးခဲ့ရာ လမ်းအရှည် ၁ မိုင် ၄ ဖာလုံ၊ အကျယ် ၁၆ ပေ၊ ထု ၁၀လက်မရှိ၍ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တွင် နိုင်ငံတော်အစိုးရမှ ခွင့်ပြု ရန်ပုံငွေ(၁၇၂.၄)သန်းဖြင့် ဆုဖြိုးရဲဆောက်လုပ်ရေးကုမ္မဏီမှ တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ကျေးရွာချင်းဆက်ကျောက်ချောလမ်း ဆောင်ရွက်ပေးမှုကြောင့် လမ်းဘေးရှိကျေးရွာ (၁၇)ရွာမှ အိမ်ခြေ(၉၈၄)အိမ်၊ လူဦးရေ(၃၆၁၆)ဦးတို့အတွက် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးတို့ အဆင်ပြေချောမွှေ့မည်ဖြစ်ပြီး ဒေသထွက်စိုက်ပျိူး သီးနှံများ ဈေးကွက်သို့ လွယ်ကူ လျှင်မြန်စွာ တင်ပို့နိုင်တော့မည်ဖြစ်သည်။

သတင်း - ကျော်ဟိန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)