ပေါင်မြို့နယ်တွင် ကြက်ခြေနီအသင်းခွဲ အလုပ်အမှုဆောင် ရှေ့လုပ်ငန်းစဉ် ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် ကြက်ခြေနီအသင်းခွဲ အလုပ်အမှုဆောင် ရှေ့လုပ်ငန်းစဉ် ညှိနှိုင်းအစည်းအဝေးကျင်းပ



MNP - မတ်    ၂၄

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ် ကြက်ခြေနီအသင်း ရှေ့လုပ်ငန်းစဉ် ညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲ (နာယက) မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိုက်ထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် မြို့နယ်အတွင်းရှိ ကြက်ခြေနီ အသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများအနေဖြင့် လုပ်ဆောင်ချက်များကို ကျေနပ် အားရမှုရှိကြောင်း ပြောကြားဆွေးနွေးသည်။

မြို့နယ်ကြက်ခြေနီ အသင်းဥက္ကဋ္ဌ ဦးအောင်မင်းနိုင်က ကြက်ခြေနီအသင်း၏ မဟာဗျူဟာ စီမံကိန်းများ အသင်းခွဲ့ဖွံ့ဖြိုးတိုးတက်ရေး ချိတ်ဆက်ဆောင်ရွက်မှုများ၊ လေ့ကျင့်ထားသော စေတနာ့ လုပ်အားရှင်များ၏ လုပ်ငန်းတာဝန်များ၊ တပ်ဖွဲ့မှုး၏ လုပ်ငန်းတာဝန်များ၊ အသင်းခွဲတစ်ခု၏ တစ်နှစ်အတွင်းပြီးမြောက်ရမည့် လုပ်ငန်းများ၊ အခြေခံမူများ၊ လူငယ်ကြက်ခြေနီအကြောင်း၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများ အကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နည်းဥပဒေများ၊ သဘာဝဘေးအန္တရာယ် ကြုံလာပါက အသင့်ပြင်ဆင်ထားရှိမှုများစသည့် အကြောင်းအရာများကို ချပြဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်ကြက်ခြေနီအသင်းခွဲ အလုပ်အမှုဆောင်များက အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး လာမည့် အပတ်တွင်လည်း ကြက်ခြေနီသင်တန်းကို ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

သတင်း - တင်ဇာစိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)