ကျောက်ပန်းတောင်းမြိုနယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာနများ မီးဘေးလုံခြုံရေးဆောင်ရွက်ထားခြင်း ရှိ/မရှိ မီးသတ်ဦးစီးဌာနမှ လှည့်လည်စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်းမြိုနယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာနများ မီးဘေးလုံခြုံရေးဆောင်ရွက်ထားခြင်း ရှိ/မရှိ မီးသတ်ဦးစီးဌာနမှ လှည့်လည်စစ်ဆေး




MNP -  မတ်    ၃၀

မန္တလေးတိုင်ဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြိုနယ်အတွင်းရှိ အခြေခံပညာကျောင်း များနှင့်တက္ကသိုလ်ဝင်တန်းစစ်ဆေးမည့် စာစစ်ဌာနများတွင် မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို၊ ယမန်နေ့မွန်းလွဲ(၂)နာရီက မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးကျော်နိုင်လင်းနှင့်ဝန်ထမ်းများ ကွင်းဆင်းစစ်ဆေးအကြံပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂  ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း (၇၇) ကျောင်းဖွင့်လှစ်ထားရှိပြီး၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် စာစစ်ဌာန(၄)ခု ဖွင့်လှစ်ထားရှိကြောင်း သိရသည်။ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် အဆိုပါ အခြေခံပညာကျောင်းများတွင် မီးဘေးကြိုတင်တားဆီးကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် မီးသတ်ဆေးဗူး၊ မီးချိတ်/မီးကတ်၊ သဲ၊ ရေ၊ လှေကား အစရှိသည့် ကြိုတင်တားဆီးကာကွယ်ရေးပစ္စည်းများ ပြည့်စုံခြင်းရှိမရှိနှင့် မီးဘေးကြိုတင်တားဆီး ကာကွယ်ရေး စီမံချက်ရေးဆွဲဆောင်ရွက်ထားခြင်း ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးကြပြီး၊ တက္ကသိုလ် ဝင်တန်းစာမေးပွဲဖြေဆိုမည့် စာစစ်ဌာန(၄)ခုဖြစ်သည့် အမှတ်(၁)အ.ထ.က၊ ပုပ္ပားအ.ထ.က၊ လက်ပံပျား အ.ထ.ကနှင့် တောင်ဦး အ.ထ.က တို့တွင် မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ရေလုံလောက်စွာသိုလှောင်ထားရှိခြင်းရှိ/မရှိ၊ အရေးပေါ်မီးငြှိမ်းသတ်ရာတွင် အသုံးပြုရမည့် မီးသတ်ဆေး ဗူး၊ မီးချိတ်/မီးကတ်၊ သဲ၊ ရေ၊ လှေကား အစရှိသည်များ ဆောင်ရွက်ထားရှိခြင်း ရှိ/မရှိတို့ကို ကွင်းဆင်း စစ်ဆေးခဲ့ကြပြီး၊ လိုအပ်သည်များ အကြံပြုဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်း - နေအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)