ကျိုက်ထိုမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပထမရက် ကျောင်းသားကျောင်းသူများ အေးချမ်းစွာလာရောက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပထမရက် ကျောင်းသားကျောင်းသူများ အေးချမ်းစွာလာရောက်ဖြေဆို






MNP ၊ မတ် ၃၁

မွန်ပြည်နယ်၊ သထုံခရိုင်၊ကျိုက်ထိုမြို့နယ်တွင် ယနေ့စတင်ကျင်းပပြုလုပ်နေသည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့၊ မြန်မာစာကို မြို့နယ်အတွင်းရှိ စာစစ်ဌာနအသီးသီးတို့၌ ကျောင်းသားကျောင်းသူများ အေးချမ်းစွာ လာရောက်ဖြေဆိုလျှက်ရှိကြောင်း တွေ့ရှိရသည်။

ကျိုက်ထိုမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပသည့် စာစစ်ဌာန ခြောက်ခုရှိပြီး အထက (၁)ကျိုက်ထို စာစစ်ဌာနတွင် ဖြေဆိုရန် စာရင်းပေးသွင်းသူပေါင်း ၄၁၄ ဦးရှိသည့်အနက်၊ လာရောက်ဖြေဆိုသူ ၃၇၂ ဦး၊ ပျက်ကွက် ၄၂ ဦး၊ အထက(၂)ကျိုက်ထိုစာစစ်ဌာန၌ စာရင်းပေးသွင်းသူ ၁၈၄ဦး၊ လာရောက်ဖြေဆိုသူ ၁၇၂ ဦး၊ ပျက်ကွက် ၁၂ဦး၊ အထက(ကျူချောင်) စာစစ်ဌာန၌ စာရင်းပေးသွင်းသူ ၉၇ ဦး၊ လာရောက်ဖြေဆိုသူ ၉၁ ဦး၊ ပျက်ကွက် ၆ ဦး၊အထက(ကျိုက္ကသာ) စာစစ်ဌာန၌ စာရင်းပေးသွင်းသူ ၉၄ ဦး၊လာရောက်ဖြေဆိုသူ ၉၀ ဦး၊ ပျက်ကွက် ၄ဦး၊အထက(သိမ်ဇရပ်) စာစစ်ဌာန၌ စာရင်းပေးသွင်းသူ ၂၇၀ ဦး၊လာရောက်ဖြေဆိုသူ ၂၄၆ ဦး၊ ပျက်ကွက် ၂၄ ဦး၊အထက(စစ်တောင်း) စာစစ်ဌာန၌ စာရင်းပေးသွင်းသူ ၆၃ ဦး၊ လာရောက် ဖြေဆိုသူ ၅၉ ဦး၊ပျက်ကွက် ၄ ဦး၊ စုစုပေါင်းဖြေဆိုရန်စာရင်းသွင်းထားသူပေါင်း ၁၁၂၂ ဦး ရှိသည့်အနက်၊ လာရောက်ဖြေဆိုသူ ၁၀၃၀ ဦး၊ ပျက်ကွက်သူ ၉၂ ဦးရှိကြောင်း ကျောင်းသားကျောင်းသူများ လုံခြုံအေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနအသီးသီးတို့၌ တာဝန်ရှိသူများက ကြပ်မတ်ကူညီ ဆောင်ရွက်ပေး‌လျှက်ရှိကြောင်း သိရသည်။


သတင်း - ဝင်းမောင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)