နောင်ချိုတွင် နွေရာသီ အားကစား အခြေခံသင်တန်း ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်ချိုတွင် နွေရာသီ အားကစား အခြေခံသင်တန်း ဖွင့်ပွဲကျင်းပ



MNP - မတ်    ၂၈  

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ် သည့် နွေရာသီအားကစားအခြေခံသင်တန်းဖွင့်ပွဲကို မတ်လ ၂၆ ရက်နေ့ ညနေ ၃:၀၀နာရီအချိန်က မြို့နယ်မိုးလုံလေလုံ အားကစား ရုံ၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 ရှေးဦးစွာမြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်တိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ကျောက်မဲခရိုင်မြို့နယ်ပေါင်းစုံ အေရိုးဗစ်ပြိုင်ပွဲတွင် နောင်ချိုမြို့နယ်ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုရရှိခဲ့သော အေရိုးဗစ် အဖွဲ့မှ ကပြဖျော်ဖြေခဲ့သည်။ ၎င်းနောက် သင်တန်းပထမနေ့အဖြစ် စတင်သင်ကြားပေးခဲ့သည်။

အဆိုပါသင်တန်းတွင် စားပွဲတင်တင်းနစ်၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ အေရိုးဗစ် အားကစားနည်း (၄)မျိုးကို၂၆-၃-၂၀၂၂ရက်မှ ၈-၄-၂၀၂၂ရက်နေ့ထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်း မျိုးဆက်သစ် အားကစားသမားကောင်းများ စဉ်ဆက် မပြတ်ပေါ်ထွန်းလာစေရန်၊ မြို့နယ်ကိုယ်စားပြု အားကစားသမားများမှတစ်ဆင့် နိုင်ငံလက်ရွေးစင် အားကစား သမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ နွေရာသီအားကစားအခြေခံသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပြီး သင်တန်းကိုနေ့စဉ် ညနေ့(၃)နာရီမှ (၅)နာရီထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

သတင်း - ထွေးငယ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)