ကျောက်ဆည်မြို့ ဈေးတန်းရပ်ကွက်တွင် အိမ်ထောင်စု(၂၂၇)စု ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ရွှေလမ်း အား ကတ္တရာထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့ ဈေးတန်းရပ်ကွက်တွင် အိမ်ထောင်စု(၂၂၇)စု ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ရွှေလမ်း အား ကတ္တရာထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး



MNP - မတ်   ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ဈေးတန်းရပ်ကွက်တွင် အိမ်ထောင်စု(၂၂၇)စု ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေး  ရွှေလမ်း အား ကတ္တရာထပ်ပိုးလွှာခင်းပေးခြင်းလုပ်ငန်းများကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ  တာဝန် ယူပြီး ဆောင်ရွက်ပေးလျက်ရှိရာ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။

ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ်(၄.၈၆၄)သန်း အကုန်အကျခံကာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သတ်မှတ်အရည်အသွေးနှင့် သတ်မှတ် ကာလ အတွင်း ပြီးစီးရေး အရှည်(၄၂၀)ပေ၊ အကျယ်(၁၂) ပေ၊ ထု(၉)လက်မ ဆောင်ရွက်ပေးခဲ့မှုကြောင့် ဈေးတန်းရပ်ကွက်အတွင်းမှ အိမ်ထောင်စု(၂၂၇)စု၊ လူဦးရေ(၁၂၀၉)ဦးအပြင် အဆိုပါ လမ်းအား အသုံးပြုနေသည့် ပြည်သူများ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍစုံ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့ဈေးတန်းရပ်ကွက်တွင် လိုအပ်နေသောရွှေလမ်းအား ကတ္တရာထပ်ပိုးလွှာခင်းပေးခြင်း ကြောင့် ပြည်သူများ ရာသီမရွေး အန္တရာယ်ကင်းစွာသွားလာနိုင်ပြီး  သက်ကြီးရွယ်အိုများ၊ ကလေးငယ်များနှင့် ရဟန်းသံဃာများ ဆွမ်းခံကြွသည့်အခါ များစွာအဆင်ပြေသွားပြီးဖြစ်ကြောင်းနှင့်  မြို့နယ် စည်ပင်သာယာရေး အဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုရန်ပုံငွေများဖြင့် မြို့တွင်းလမ်းများအား ကတ္တာရာထပ်ပိုးလွှာခင်းပေးခြင်း၊ သောက်သုံးရေများ ဖြန့်ဝေခြင်း၊ ရေနုတ်မြောင်း များ ရေစီးရေလာ ကောင်းမွန်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

သတင်း - သက်မောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)