ကျိုက်ထိုမြို့နယ်တွင် သောက်သုံးရေပြတ်လပ်မှုမရှိစေရေး မီးသတ်ဦးစီးဌာနမှ လှူဒါန်းပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် သောက်သုံးရေပြတ်လပ်မှုမရှိစေရေး မီးသတ်ဦးစီးဌာနမှ လှူဒါန်းပေးလျက်ရှိ

 






MNP ၊  မတ်  ၂၈

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်တွင်နွေရာသီရေပြတ်လပ်မှုမရှိစေရေးအတွက်ရေရှားပါးသောရပ်ကွက်များသို့သန့်ရှင်းသောသောက်သုံးရေရရှိစေရေးအတွက် မတ်လ(၂၇)ရက် နေ့ မွန်းလွဲပိုင်းက ကျိုက်ထိုမြို့နယ်မီးသတ် ဦးစီးဌာနမှ သွားရောက် လှူဒါန်းခဲ့သည်။

ကျိုက်ထိုမြို့နယ်အတွင်း  တောင်ပိုင်းရပ်ကွက်ရှိ အချို့သော  ရေတွင်းများ၊သောက်ရေကန်များ တွင်ပူပြင်းသောအပူချိန်ကြောင့် ရေများခန်းခြောက်စပြုလာ၍ ပြည်သူများအနေဖြင့်သောက်ရေ အခက်အခဲ များဖြစ်ပေါ်နေခြင်းကြောင့်မြို့နယ်မီးသတ်ဦးစီးမှူးဦးရဲညွန့် ထွေး နှင့်တပ်ဖွဲ့ဝင်များကမီးသတ်ရေသည်ယာဉ်ဖြင့်ရေဂါလံ(၁၆၀၀)ကို ဖြန့်ဝေ လှူဒါန်းပေးခဲ့ကြောင်းသိရသည်။


သတင်း - သန်းသန်းမော်(ကျိုက်ထို)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)