ဆွမ်ပရာဘွမ်မြို့တွင် ၂ နှစ်အောက်ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆွမ်ပရာဘွမ်မြို့တွင် ၂ နှစ်အောက်ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေး

 


MNP -  မတ်  ၂၅

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ၂ နှစ်အောက်ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးဌာန၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါဆေးထိုးနှံခြင်း အစီအစဉ်ကို မြို့နယ်ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ရာ ကလေးငယ်များအား အသည်းရောင်အသားဝါ(ဘီ)၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျော(ရိုတာ) ပိုလီယို၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ) ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပိုလီယိုကာကွယ်ဆေးထိုးဆေး၊ ဂျပန်ဦးနှောက်ရောင် ဝက်သက်ဂျိုက်သိုး စသည့် ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်းများက ပေါင်ချိန်ချိန်ခြင်း၊ ဆေးထိုးလက်မှတ်များတွင် အမည်စာရင်းထည့်သွင်းခြင်းဖြင့် အသက်မွေးစမှ ၂ နှစ်အောက် ကလေးငယ်များအား နှစ်အလိုက် ဆေးများထိုးနှံပေးခဲ့ကြောင်း သိရသည်။

သတင်း - ဟင်နရီမီးကိုဆာ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)