ပန်း တောင်းမြို့နယ်တွင် ပညာသင်ထောက်ပံ့ကြေး ငွေပေးအပ်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်း တောင်းမြို့နယ်တွင် ပညာသင်ထောက်ပံ့ကြေး ငွေပေးအပ်ပွဲအခမ်းအနားကျင်းပ



MNP - မတ်    ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ပညာသင်ထောက်ပံ့ကြေးငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း က အ.မ.ကမူလွန် (ကြခတ်)၌ ကျင်းပခဲ့ကြောင်း သိရသည်။

ထို့နောက်  (၂၀၂၁/၂၀၂၂)ခုနှစ်တွင် အလယ်တန်းအထက်တန်း၌ ပညာသင်ကြားနေသော ဆင်းရဲနွမ်းပါးသူ ကျောင်းသား/ သူများကို နိုင်ငံတော်မှ ထောက်ပံ့ငွေပေးလျက်ရှိရာ ပန်းတောင်းမြို့နယ်အတွင်း၌လည်း ပန်းတောင်းမြို့ရှိ အမက မူလွန်(ကြခတ်) စာသင်ကျောင်းနှင့် အမကမူလွန်(သူရဲဇီ)၊ အမကမူလွန် (ကြခတ်) ကျောင်း၌ ကျောင်းအုပ်ဆရာကြီး ဦးပြေငြိမ်းထွန်းမှ ယခုနှစ် ပညာသင်ကြားနေသော ကျောင်းသား/သူများအနက် ထောက်ပံ့ကြေးရရှိသူ ဆင်းရဲနွမ်းပါးသော ကျောင်းသား/ သူ(၇)ဦး၏ မိဘများ၏လက်ဝယ်သို့ ကျောင်းသားတစ်ဦးလျှင် တစ်လ(၈၀၀ဝိ) ကျပ် နှုန်းဖြင့် (၅)လစာ(၄၀၀၀ဝိ/)ကျပ်ကိုပေးအပ်ခဲ့ကြောင်း သိရသည်။

အလားတူအမကမူလွန် (သူရဲဇီး)စာသင်ကျောင်း၌ ကျောင်းအုပ်ဆရာမကြီးကိုယ်စား တာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးခိုင်မှ ထောက်ပံ့ငွေရရှိသော ကျောင်းသား/ သူ(၆)ဦး၏ မိဘများလက်ဝယ်သို့ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း - သင်းသင်းအေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)