မွန်ပြည်နယ်အတွင်းရှိ ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်အတွင်းရှိ ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

MNP - မတ်    ၃၀

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သက်ဆိုင်ရာဌာန ဆိုင်ရာများ၊ မွန်ပြည်နယ် အတွင်းရှိ ရုပ်ရှင်ရုံပိုင်ရှင်များ ကိုယ်စားလှယ်များနှင့် ရုပ်ရှင်ရုံ ပြန်လည် ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က မွန်ပြည်နယ် အစိုးရအဖွဲရုံး အောင်ဆန်းခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် မွန်ပြည်နယ် အတွင်းရှိ ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ရုပ်ရှင်ရုံ ကိုယ်စားလှယ်များနှင့်တွေ့ဆုံပြီး လူမှုရေးဝန်ကြီး၊ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ယခုအစိုးရအဖွဲ့ စုစုပေါင်း လေးကြိမ် ညှိနှိုင်း‌ဆောင်ရွက် ခဲ့ပါကြောင်း၊ ရုပ်ရှင်ရုံများအနေဖြင့် အခက်အခဲရှိမှန်းသိပေမဲ့ အခက်အခဲကို ကျော်လွှားပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မော်လမြိုင်တွင် ဘုရင့်ရုံ၊ ရတနာဦး (သီရိမြိုင်) ရုပ်ရှင်ရုံ၊ Ocean ရုပ်ရှင်ရုံများကတော့ သက်တမ်းတိုးဆောင်ရွက်ပြီး ကျန်ရုပ်ရှင်ရုံများက လုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားဖို့လို အပ်‌ကြောင်း၊ ရုပ်ရှင်လုပ်ငန်း ဆောင်ရွက်နိုင်ခြင်း မရှိသေးသော နန်းတော်ရုံ၊ မြိုင်ရုံ၊ ရွှေကြယ်ရုံနှင့် မြင့်မြတ် ရုပ်ရှင်ရုံများသည် သတ်မှတ်စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ဆောင်ရွက်နိုင်ခြင်း မရှိပါက စာချုပ်အား ဖောက်ဖျက်ရာ ရောက်ကြောင်း၊ လုပ်ငန်းများအားဆက် လက်ဆောင်ရွက်သွားမည့် အစီအစဉ်ကို ပွင့်ပွင့်လင်းလင်း တင်ပြပေးဖို့လိုအပ်ကြောင်း၊ ဆောင်ရွက်ဖို့အခက်အခဲရှိလျှင် အခက်အခဲကို ဘယ်လိုကျော်လွှား သွားကြမလဲ ရုပ်ရှင်ရုံဆောက်လုပ်မည်ဆိုပါက စည်ပင်သာယာရေးအဖွဲ့ကို တင်ပြရမှာဖြစ်ကြောင်း၊ ရုပ်ရှင်ရုံ ဆောက်လျှင် Theatre ပုံစံထည့်ပေးရမှာ ဖြစ်ပြီး အထက်အမြင့်အဆောက် အဦဆိုလျှင်ကားပါကင်ပါရမှာဖြစ်ကြောင်း၊ စည်ပင်သာယာ ခွင့်ပြုမည်ဆိုလျှင် ကာလသတ်မှတ် ချက်ထားပြီး သတ်မှတ်ကာလအတွင် အပြီးဆောင်ရွက် ကြရမည် ဖြစ်ကြောင်း၊ လုပ်ငန်းစဉ် အဆင့်ဆင့်ကို ပြည်နယ်ကခွင့်ပြုလို့မရဘဲ ဆက်လက်တင်ပြ ရမည်ဖြစ်ပါကြောင်း ပြောကြား ခဲ့သည်။

ဆက်လက်၍ လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်၊ မွန်ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်တို့က ရုပ်ရှင်ရုံများ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည့်အချက်များကို အကြံပြု ဆွေးနွေးတင်ပြခဲ့သည်။

ထို့နောက် မွန်ပြည်နယ်အတွင်း ရုပ်ရှင်ရုံလုပ်ငန်းဆောင်ရွက်နိုင်ခြင်းမရှိသေးသော ရုပ်ရှင်ရုံ(၄)ရုံ ပိုင်ရှင်နှင့် ကိုယ်စားလှယ်များက ရုပ်ရှင်ရုံများ လက်ရှိဆောင်ရွက်နေသည့် အခြေအနေများကို တင်ပြဆွေးနွေးရာ ပြည်နယ် ဝန်ကြီးချုပ်က ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

သတင်း - ခင်စန်းမြင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)