ဗန်းမော်မြို့၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗန်းမော်မြို့၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ




MNP - မတ်    ၃၀

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဒေသခံပြည်သူများအား လူကုန်သုံးကုန်ပစ္စည်းများ ထုတ်လုပ်နိုင်စေရန် ဗန်းမော်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၀ နာရီက ဗန်းမော်မြို့ ‌ပေါက်ကုန်းရပ်ကွက်၊ ရှမ်းဝိုင်းရပ်ရှိ ကက်သလစ်အသင်းတော် စိန်ဂျွန်းဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် ဗန်းမော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေက ယခုဖွင့်လှစ်သင်ကြားပေးခဲ့သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း သည် သင်တန်းသူများအနေဖြင့် မိမိတို့ကိုယ်တိုင် လူသုံးကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်ပြီဖြစ် သည့်အတွက် မိမိတို့၏ မိသားစုနှင့် အတူ ကိုယ်ပိုင်စီးပွားရေးနှင့် မိသားစုတစ်ပိုင်တစ်နိုင် လုပ်ငန်းများ ဖြစ်ထွန်းလာအောင် ဆက်လက်ကြိုးစားကြစေလိုကြောင်း၊ ကိုယ်ပိုင်စီးပွားရေးနှင့် မိသားစုတစ်ပိုင်တစ်နိုင် လုပ်ငန်းများဖြစ်ထွန်းမှသာ မိမိတို့ ခရိုင်၊ မြို့နယ်၏ တစ်ဦးချင်းဝင်ငွေ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သင်တန်းဆင်းအမှာစကား ပြောကြားပြီး ဗန်းမော်ခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်တင်စိုးက ဌာန၏လုပ်ငန်း ဆောင်ရွက်နေမှု များကို ရှင်းလင်းပြောကြားခဲ့ကာ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ယင်းနောက် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းတွင် အောင်မြင်စွာ တက်ရောက်ခဲ့သည့် သင်သူများအား ဗန်းမော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ထွန်းတိုးက သင်တန်းဆင်း လက်မှတ်ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းကို ဗန်းမော်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ မတ်လ ၂၆ ရက်နေ့မှ ၃ဝ ရက်နေ့အထိ လက်ဆေးဆပ်ပြာ၊ ပန်းကန်ဆေးဆပ်ပြာ၊ ဘက်စုံသုံးဆပ်ပြာ၊ အဝတ်လျှော် ဆပ်ပြာ၊ Hand Gel၊ Body Scrub၊ ခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာ၊ မျက်နှာသစ်ဆပ်ပြာခဲနှင့် မှန်ကြည်ဆေးဖျော်စပ်နည်းတို့ကို လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း (၁ဝ)မျိုးဖြင့် သင်တန်းကာလ(၅)ရက်ကြာ သင်တန်းနည်းပြ ဒေါ်မာမာလင်းက စာတွေ့လက်တွေ့ အခမဲ့သင်ကြားပေးခဲ့ကာ သင်တန်းတွင် ဗန်းမော်မြို့ ဒေသခံပြည်သူ သင်တန်းသူ (၂၃)ဦး တက်ရောက် သင်ယူခဲ့ကြကြောင်း သိရသည်။

သတင်း - ကိန်းဖြူ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)