အင်္ဂပူမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် မကျန်ရှိ‌စေရေး နေအိမ်အရောက် ကွင်းဆင်းထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်္ဂပူမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် မကျန်ရှိ‌စေရေး နေအိမ်အရောက် ကွင်းဆင်းထိုးနှံပေး

 


MNP - မတ်   ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့‌‌ မြို့ပေါ်ရပ်ကွက်များတွင် ယနေ့ နံနက်ပိုင်း က ကိုဗစ်-၁၉ ကာကွယ်‌ဆေးကို ပြည်သူများထိုးနှံရန် မကျန်ရှိ‌စေရေးအတွက် နေအိမ်များ အရောက် ကွင်းဆင်းထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်‌ကျေးအုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး ရပ်ကွက်အတွင်း ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသော နေအိမ်များအရောက် ကောက်သင်းကောက်စနစ်ဖြင့် လိုက်လံထိုးနှံပေးခဲ့ကြောင်း သိရသည်။

အင်္ဂပူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် မကျန်ရှိစေရေးအတွက် ရပ်ကွက်၊ ကျေးရွာများသို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းပြီး အိမ်တိုင် ရာရောက် သွားရောက်ထိုးနှံပေးခြင်းကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆေးထိုးစုရပ်များတွင် လည်း ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီထံမှ သိရသည်။

သတင်း - မန်းကျော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)