မင်းလှမြို့နယ်၌ သောက်သုံးရေဖူလုံမှုရရှိစေရန် တိုးချဲ့မြစ်ရေတင်စီမံကိန်းမှ ရပ်ကွက်များသို့ ရေဖြန့်ဝေပေး‌နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့နယ်၌ သောက်သုံးရေဖူလုံမှုရရှိစေရန် တိုးချဲ့မြစ်ရေတင်စီမံကိန်းမှ ရပ်ကွက်များသို့ ရေဖြန့်ဝေပေး‌နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကြည့်ရှုစစ်ဆေး

 


MNP -  မတ်    ၃၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊  မင်းလှမြို့နယ်၌ သောက်သုံးရေဖူလုံမှုရရှိစေရန် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိရာ တိုးချဲ့မြစ်ရေတင်စီမံကိန်းမှ ရပ်ကွက်များ သို့ ရေဖြန့်ဝေပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့ မွန်းလွဲ ၁ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

မင်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့နယ်အတွင်းသောက်သုံးရေဖူလုံမှုရှိစေရန် မြို့မ တိုက်နယ်၊ ရွာတော်ကျေးရွာ၊ မြင်ကျတောင်အနီး ကျောက်မှော်ကျောင်းမှ ပင်မရေစုကန်သို့ ရေပိုက် လိုင်းသွယ်တန်းခြင်း၊ ရေစက်ရုံနှင့် ရေစုကန်ဆောင်ရွက်ခြင်း၊ ပွန်တွန်းနှင့် မော်တာပန့် ဆောင်ရွက် ခြင်းလုပ်ငန်းများဆောင်ရွက်ရန် ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ်၊ ၆လတွင် မကွေးတိုင်းဒေသကြီးအစိုး ရအဖွဲ့ အထွေထွေရန်ပုံငွေစာရင်း(GRF)မှ ခွင့်ပြုရန်ပုံငွေ ချထားပေးခြင်းဖြစ်ပြီး ယခုအခါ အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်၍ မြင်ကျတောင်အနီး ကျောက်မှော်ကျောင်းမြစ်အတွင်းပွန်တွန်းမှ ဂါလံ ၅၀၀၀၀ဆံ့ ရေစုကန်သို့ ရေတင်ပို့ခြင်းနှင့် ရပ်ကွက်များသို့ ရေဖြန့်ဝေပေးနေမှုအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌဦးရဲလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိတို့ ပူးပေါင်းအဖွဲ့ က  ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာ ဦးညီညီထွန်းက လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် တိုးချဲ့မြစ်ရေတင်စီမံကိန်းမှ ရပ်ကွက်များ၌ ရေဖြန့်‌ဝေ ပေးမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ တိုးချဲ့မြစ်ရေတင်စီမံကိန်းမှ ရုံးရပ်မြောက်ပိုင်းရပ်ကွက်၊ မြောက်ရပ်ကွက်နှင့် တိုးချဲ့ ကွက်သစ်ရပ်ကွက်များတွင် အိမ်တိုင်ရာရောက်သီးသန့် ရေတိုင်(၄၀၀)တိုင်ခန့် သွယ်တန်း ပေးမည် ဖြစ်ပြီး၊ ပထမအကြိမ်အိမ်သွယ်ရေတိုင်ပေါင်း(၁၅၀)ခန့် သွယ်တန်းပေးခဲ့ပြီး၊ အများသုံး ရေကန်များ ဖြစ်သည့် ဂါလံ၁၅၀၀ဆံ့ရေကန်(၁)ကန်၊ ဂါလံ၂၅၀၀ဆံ့ရေကန်(၂)ကန် တို့မှ အိမ်ခြေ ၆၀ ခန့် ရေရယူသုံးစွဲခြင်း၊ အများသုံး‌ ရေငုတ်(၁၀)ငုတ်မှ အိမ်ခြေ(၁၀၀)ခန့် ရေရယူသုံးစွဲနိုင်မည်ဖြစ်သည်။ ထို့ပြင် ရုံးရပ်မြောက်ပိုင်းရပ်ကွက်နှင့် ဌာနဆိုင်ရာအချို့မှ ရေတိုင်(၁၀၀)သည် PICမှဖြန့်ဝေသည့် ရေကိုသုံးစွဲလျက်ရှိရာ ယခုအခါ တိုးချဲ့မြစ်ရေတင် စီမံကိန်းမှ ရေဖြန့်ဝေပေးသွား မည်ဖြစ်သည့် အတွက် မြစ်ရေတင်စီမံကိန်းမှ ရေဖြန့်ဝေပေးရာတွင် အကျိုးပြုမည့် အိမ်ခြေပေါင်းမှာ(၆၆၀)ခန့် ရှိမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။

သတင်း - ဇာဇာ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)