ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ (၂/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ (၂/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား



MNP - မတ်    ၃၁

ကချင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်နယ်ကော်မတီ၏ ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များအပေါ် အရေးယူဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်ခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်အမှာစကား ပြောကြားသည်။

လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်နယ်အတွင်း အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိရေးအတွက် ရင်းနှီးမြှုပ်နှံမည့် လူပုဂ္ဂိုလ်များနှင့် ကုမ္ပဏီအဖွဲ့အစည်းများကို ဥပဒေလုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ခွင့်ပြုပေးနိုင်ရေး၊ ခွင့်ပြုပြီးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးချက်များနှင့် ပတ်သက်၍ ကော်မတီအဖွဲ့ဝင်များအနေဖြင့် ပွင့်လင်းမြင်စွာ ချပြဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွန်းကြားမှူးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာသိမ့်သိမ့်မိုးက ပြည်နယ်ကော်မတီ၏ ၁/၂၀၂၂ အစည်းအဝေး ဆုံးဖြတ်ချက်များပါ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့၏ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လတို့ကို စစ်ဆေးခဲ့သည့် ချီဖွေငယ် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံတည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းနှင့် နိုင်ငံတကာအရည်အသွေးမီ ပါရှီးငှက်ပျော စိုက်ပျိုး၊ ထုတ်လုပ်၊ တင်ပို့ဖြန့်ဖြူးခြင်း လုပ်ငန်းများအပေါ် ကွင်းဆင်းစစ်ဆေးတွေ့ချက်များကို တင်ပြသည်။

ထို့နောက် တင်ပြချက်များအပေါ် ပြည်နယ်ကော်မတီအဖွဲ့ဝင်များက ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)