နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၁၂)နှစ် အထက် ပြည်သူများနှင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ကာကွယ်ဆေးထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၁၂)နှစ် အထက် ပြည်သူများနှင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ကာကွယ်ဆေးထိုးနှံ



MNP - မတ်    ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မျှ ထိုးနှံခြင်းမရှိသေးသည့် အသက်( ၁၂) နှစ်အထက်ပြည်သူများနှင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား နောင်ချိုမြို့  မဏိရတနာ ခန်းမ၌ ယမန်နေ့ နံနက် ၉:၀၀နာရီမှစတင်၍ ကိုဗစ်-၁၉ရောဂါ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေး ထိုးနှံပေးရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးတစ်ကြိမ်မျှ ထိုးနှံခြင်းမရှိသေးသည့် အသက်(၁၂)နှစ် အထက် ပြည်သူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက် မိခင်များ၊နာတာရှည်ရောဂါခံစားနေရသူများအား ပထမအကြိမ် ကာကွယ် ဆေးနှင့် ၂၀၂၀-၂၀၂၁ ခုနှစ် ဒီဇင်ဘာလ အတွင်း ၊၂၀၂၀-၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပထမအကြိမ် ကာကွယ် ဆေးထိုးနှံပြီး သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း ၊နောင်ချိုမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက်  စုရပ်အသီးသီး၌ ထိုးနှံပေးလျက်ရှိကြောင်း၊ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဉီးစီးဌာန ကျန်းမာရေးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြပြီး ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကျန်းမာရေးဌာနမှ သိရသည်။

သတင်း - ထွေးငယ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)