ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဌာနဆိုင်ရာရုံးများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဌာနဆိုင်ရာရုံးများ ကွင်းဆင်းဆောင်ရွက်



MNP - မတ်   ၂၈

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ဌာနဆိုင်ရာရုံးများ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက် (၁၁)နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။

မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရန်အတွက် ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ရာတွင် နမ့်ဆန်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးစီးအရာရှိ ဦးသန့်ဇော်မိုးနှင့် တပ်ဖွဲ့ဝင် များက မီးဘေးကင်းဝေးစေရန်အတွက် နမ့်ဆန်မြို့နယ်    ဌာနဆိုင်ရာ အဆောက်အဦးများ ဖြစ်သည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၊  ပြည်တွင်းအခွန်များဦးစီးဌာ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ မြို့နယ်ပညာရေးမှူးရုံး ၊မြို့နယ် စီမံကိန်း ဦးစီးဌာနရှိ ရုံးများတွင် တပ်ဆင်ထားသော လျှပ်စစ်မီးကြိုးများ မီးခလုတ်များအားစစ်ဆေးခြင်း၊ ရုံးမီးစက်များအသုံးပြုပါ ကစနစ်တကျရှိစေရန်နှင့် လျှပ်စစ်မီးကို အသုံးပြုရာတွင် စနစ်တကျ အသုံးပြုတတ်စေရန်၊ ဟောင်းနွမ်းနေသော ဝါယာကြိုးများ မီးခလုတ် များအား  အသစ်လဲလှယ်အသုံးပြုရန်၊ လောင်ဆာဆီ သိုလှောင်မှုများအား စစ်ဆေးခြင်း အမှိုက်များစနစ်တကျ စွန့်ပစ် စေရန်၊  လျှပ်စစ်မီး ဖယောင်းတိုင်မီးကို စနစ်တကျ ကိုင်တွယ်အသုံးပြု ရန် ၊ မီးသတ် ဆေးဗူးများ ကို ကြိုတင်ကာကွယ်ထားရှိပြီး မီးချိတ်မီးကတ်များ သဲပုံးရေပုံး များထားရှိခြင်းစသည့် မီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် တားဆီးရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)