ချမ်းမြသာစည်မြို့နယ် ကန်သာယာရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချမ်းမြသာစည်မြို့နယ် ကန်သာယာရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား

 


MNP - မတ်    ၂၈

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ဗ/၄၊ ၅၅ x ၅၆ လမ်းကြား၊ ၁၁၃ လမ်း x ၁၁၄ လမ်းကြားတွင် ယမန်နေ့ နံနက် ၉ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာ ဗ/၄၊ ၅၅ x ၅၆ လမ်းကြား၊ ၁၁၃ လမ်း x ၁၁၄ လမ်းကြား၊ အိမ်အမှတ် ဗ-၄/၂၅ အိမ်ရှင် ဦးပေါက်လှ၏ ဇနီးဖြစ်သူ ဒေါ်စန်းတင်မှာ နေအိမ်အပေါ်ထပ် အိမ်ရှေ့ခန်းအတွင်း ခြင်ဆေးခွေ ထွန်းထားခဲ့ရာမှ အဝတ်အထည်များအား မီးစတင်ကူးစက် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုဖြစ်ပွားရာနေရာသို့ လေးမျက်နှာဘုရားအခြေပြု စစ်ကြောင်း(၁)မှူး ပလစ(၂)မှ ဒုဗိုလ်မှူးကြီး ကျော်သူရ ဦးစီးသော တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး ဇော်ဝင်းကျော် ၊ အောင်ပင်လယ်နယ်မြေရဲစခန်းမှူး ဒုရဲမှူး ဝင်းဌေးဦး ဦးစီးသောအဖွဲ့၊ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး  ဦးဇော်ဝင်းထွန်း ဦးစီးသော မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းမင်းစိုးပါ သန္တေမီးသတ် တပ်ဖွဲ့ဝင်(၃၀)ဦး၊ အရံတပ်ဖွဲ့ဝင်(၄၀)ဦးတို့သည် မီးသတ်ယာဉ် (၁၀)စီး၊  ရေသယ်ယာဉ်(၅)စီး၊ အုပ်ချုပ်မှုယာဉ်(၃)စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၅၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် သွပ်မိုး၊ ထရံကာ၊ (၂)ထပ်အိမ် ၁လုံး၊ သွပ်မိုး၊ ထရံကာ၊ (၂)ထပ်အိမ် ၁လုံး၊ သွပ်မိုး၊ ထရံကာ (၂)ထပ်အိမ်(အပေါ်ထပ်) ၁လုံးနှင့် သွပ်မိုး၊ ထရံ ကာ(၂)ထပ်အိမ်(အပေါ်ထပ်) ၁ လုံးတို့ မီးလောင်ကျွမ်းခဲ့ကြောင်း၊ မီးပေါ့ဆစွာသုံးစွဲသူ ဒေါ်စန်းတင်အား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး အောင်ပင်လယ်နယ်မြေရဲစခန်းမှ  စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

သတင်း - ခင်စိမ်းဝင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)