မြင်းခြံမူလတန်းကြို ကျောင်းများ၏ ကျောင်းဆင်းလက်မှတ် ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြင်းခြံမူလတန်းကြို ကျောင်းများ၏ ကျောင်းဆင်းလက်မှတ် ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ




MNP - မတ်    ၂၆

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ်(၁၈)ရပ်ကွက်ရှိ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ရုံးခန်းမတွင် မြင်းခြံမူလတန်းကြို ကျောင်းများ၏ ကျောင်းဆက်လက်မှတ် ဂုဏ်ပြုချီးမြင့်ပွဲကို ယမန်နေ့ နံနက်(၉) နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြင်းခြံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ရဲမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရီရီဝင်းက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့နောက် မူလတန်းကျောင်းသား/ ကျောင်းသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ရဲမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းစိန်နှင့် အဖွဲ့ဝင်များ၊ ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရီရီဝင်းတို့က ကျောင်းဆင်းလက်မှတ်များကို အသီးသီးပေးအပ်ခဲ့ကြသည်။

ထို့နောက် မူလူတန်းကြို ကျောင်းသား၊ ကျောင်းသူလေးများမှ အကပဒေသာများဖြင့် ကပြဖျော်ဖြေ ပေးခဲ့ကြောင်း သိရသည်။

သတင်း - ကျော်စွာ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)