သိန္နီမြို့တွင် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့် ကတ်များထုတ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သိန္နီမြို့တွင် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့် ကတ်များထုတ်ပေး

 


MNP -  မတ်   ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား / ကျောင်းသူများအား တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို မြို့နယ်အတွင်းရှိ သက်ဆိုင်ရာစာစစ်ဌာန များတွင် မတ် ၂၅ ရက်နေ့မှ စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

သိန္နီမြို့တွင် အထက(၁)၊ အထက(၂)၊ အထက(နမ့်စလပ်)၊ အထက(ခွဲ)(စယ်အူ)၊ အထက(ခွဲ)၊ မိုင်းလီကျောင်းတို့မှ ကျောင်းသား/ ကျောင်းသူ (၁၈၂) ဦးနှင့် ပြင်ပမှ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား / ကျောင်းသူ (၅၈) ဦး၊ စုစုပေါင်း (၂၄၀) ဦးတို့အား တက္ကသိုလ်ဝင်ခွင့် ကတ်ပြားများ ထုတ်ပေးလျက်ရှိရာ မတ်လ ၂၇ ရက်နေ့ထိ ထုတ်ယူရန် ၁၀ ဦးသာ ကျန်ရှိတော့ကြောင်း အထက(၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်မြင့်ထံမှ သိရသည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို  မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ဖြေဆိုခွင့်ကတ်ပြားများကို စာမေးပွဲဖြေဆိုရက် မတိုင်မီအထိ ထုတ်ပေးသွားမည် ဖြစ်ကြောင်းနှင့် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို  စာစစ်ဌာန တစ်ခုတည်းဖြစ်သော အထက (၁) ၌ ကျောင်းတွင်းဖြေဆိုသူနှင့် ပြင်ပဖြေဆိုသူ ကျောင်းသား/ ကျောင်းသူများအား ထုတ်ပေးလျက် ရှိကြောင်းသိရသည်။

သတင်း - စောဥမ္မာ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)