သထုံမြို့တွင်း ရေစီးရေလာ ကောင်းမွန်ရေးအတွက် ဆောင်ရွက်နေသည့် အုတ်စီရေမြောင်း ပြုလုပ်ခြင်း လုပ်ငန်းများ အရည်အသွေး ပြည့်မှီရေး ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့တွင်း ရေစီးရေလာ ကောင်းမွန်ရေးအတွက် ဆောင်ရွက်နေသည့် အုတ်စီရေမြောင်း ပြုလုပ်ခြင်း လုပ်ငန်းများ အရည်အသွေး ပြည့်မှီရေး ကြည့်ရှုစစ်ဆေး


MNP - မတ်     ၁

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း လာမည့်မိုးကာလ၌ လမ်းဘေးဝဲယာ ရေးစီးရေလာ ကောင်းမွန်စေရေးအတွက် ဆောင်ရွက်နေသည့် အုတ်စီရေမြောင်း တည်ဆောက်ရေး လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းများ ပြည့်မှီစွာ ဆောင်ရွက် နိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူတို့က ယမန်နေ့ မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

သွားရောက်စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်တည်ဆောက်ရေး ကော်မတီမှ တာဝန်ရှိသူများတို့က နန်းခဲရပ်ကွက်၊ ရဲစခန်းလမ်းတစ်လျှောက်နှင့် နန်းတော်ဦးကျောင်းလမ်းထိပ်မှ ရဲစခန်း လမ်းထိပ်အထိ လမ်းဘေးအုတ်စီရေမြောင်းများ ပြုလုပ်ခြင်းလုပ်ငန်းတို့ကို သတ်မှတ်စံချိန်စံညွှန်းပြည့်မှီရေး၊ တည်ဆောက်ပြီးစီးမှု အခြေအနေ၊ ခိုင်ခံ့မှု၊ ရေရှည်တည်တံ့မှု၊ စနစ်တကျဆောင်ရွက်နေမှု စသည့် အခြေအနေတို့ကို စစ်ဆေးရာ တင်ဒါအောင်မြင်ပြီး ဆောက်လုပ်နေသည့် ကုမ္ပဏီမှ တာဝန်ရှိသူက ရှင်းလင်းပြောကြာပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က လိုအပ်သည်တို့ကို ဖြည့်စွက်ဆောင်ရွက်ပေးရေး ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ အုတ်စီရေမြောင်းပြုလုပ်ခြင်း လုပ်ငန်းတို့ကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် မီနီဘတ်ဂျက် ကာလ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရန်ပုံငွေ ပြည်နယ်ဘတ်ဂျတ် စုစုပေါင်း ငွေကျပ် ၆၆.၉၈ သန်းဖြင့် Grand IQ Tech Co.,ltd မှ တာဝန်ယူ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း - ကိုကိုဦး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)