မျိုးရိုးသစ် ဗီဇပြောင်း(အိုမီခရွန်) ကြိုတင်ကာကွယ်ရေး မြို့ပေါ်ရပ်ကွက်များသို့ အသိပညာပေး လှည့်လည်နှိုးဆော်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မျိုးရိုးသစ် ဗီဇပြောင်း(အိုမီခရွန်) ကြိုတင်ကာကွယ်ရေး မြို့ပေါ်ရပ်ကွက်များသို့ အသိပညာပေး လှည့်လည်နှိုးဆော်ပေးလျက်ရှိ



MNP -  မတ်    ၃၁

ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ ပြည်သူများ သတိပြုရမည့်အချက်များကို သိရှိလိုက်နာစေရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ နယ်စပ်ဒေသမိုင်းယန်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာန တို့ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များအတွင်းသို့ ယနေ့နံနက်ပိုင်းက ရှမ်း၊ မြန်မာ နှစ်ဘာသာဖြင့်  အသိပေးနှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အသိပေးနှိုးဆော်ရာတွင် အိုမီခရွန်ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပေါ်စေရေးနှင့် ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့် လူစုလူဝေးမှရှောင်ရှားခြင်း၊ မလိုအပ်ဘဲ မသွားလာခြင်း၊ ပြင်ပထွက်တိုက် နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ဆင်ခြင်း၊ လက်ကိုမကြာခဏ စနစ်တကျ ဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း  စသည်တို့ကို မမေ့မလျော့ သတိပြု၍ ဆောင်ရွက်ကြပါရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အခြေခံစည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာကြပါရန် အသိပေးနှိုး ဆော်ခဲ့ကြောင်း သိရသည်။

သတင်း - ထွန်းထွန်းထူး

မြန်မာနေရှင်နယ်ပိုစ့်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)