လူငယ်ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်အဖြစ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊နံရံကပ်စာစောင် နှင့်စာအုပ်ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူငယ်ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်အဖြစ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊နံရံကပ်စာစောင် နှင့်စာအုပ်ပြပွဲကျင်းပ




MNP - မတ်   ၂၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယ ပညာဦးစီးဌာနတို့ ပူးပေါင်း၍  လူငယ်ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်အဖြစ် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ကွမ်းခြံကုန်းအုပ်စု၊ မီးသွေးတိုက် အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ)၌ ယနေ့နံနက် ၁၁ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးထွန်းထွန်းဝင်း ကအားကစား စိတ်ဓာတ်မြင့်တင်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိဒေါ်ချိုမာထွန်း ကအကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ် စိတ်ဓာတ် ရှင်သန်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပညာရေးမှူးရုံးမှ ဒေါ်ခင်သူဇာစုက စိတ်ဓာတ်ကောင်းများ ဖြစ်ထွန်းရေးနှင့် စည်းကမ်းလိုက်နာရေးခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးအသိ ပညာပေးဟောပြောခဲ့ကြပြီး၊ အားကစားမှူးဦးထွန်းထွန်းဝင်းက ဘောလုံး၊ ဘတ်စကက်ဘောနှင့် ပိုက်ကျော်ခြင်း လုံးတို့ကို ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်ခဲ့သည်။

ထိုကဲ့သို့ အသိပညာပေးဟောပြောပွဲများဆောင်ရွက်ခြင်းဖြင့် လူငယ်များဘက်စုံဖွံ့ ဖြိုးတိုးတက်စေရန်၊ ကလေးငယ်များ မျိုး ချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်၊ အားကစားပြုလုပ်ခြင်းဖြင့် ရရှိ စေမည့်အကျိုးကျေးဇူးများအား သိရှိလာစေရန်နှင့် စာအုပ်စာပေများအား  လေ့လာဖတ်ရှုမှု အလေ့ အထဖြစ်လာကြစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော  စာအုပ်စာပေများ၊ နံရံ ကပ်စာစောင်များအား ကျောင်းသားကျောင်းသူလူငယ်များမှ လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရ သည်။

သတင်း - ဝင်းကြိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)