ရန်ကင်းမြို့နယ်အတွင်း ၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၃၄၄)ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကင်းမြို့နယ်အတွင်း ၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၃၄၄)ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်း

 


MNP - မတ်     ၃

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၌ ၂၀၂၂ ခုနှစ် မတ်လနှင့်ဧပြီလအတွင်း ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူ(၃၄၄)ဦး ဝင်ရောက်ဖြေဆိုရန် စာရင်း ပေးသွင်းထားကြောင်း မြို့နယ် ပညာရေးမှူးဒေါ်ဝင်းရည်မွန်ထံမှသိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရာတွင် မြို့နယ်အတွင်းရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန တစ်ခု တည်းတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ( ၃၄၄)ဦးရှိကြောင်း သိရသည်။

ထို့အပြင် ၂၀၂၂ ခုနှစ်မတ်လ ၁၇ ရက်နေ့မှ ၂၃ရက်နေ့အထိ Gread-9 တိုင်းစစ်စာမေးပွဲအား မြို့နယ်အတွင်းရှိ စာစစ်ဌာနများ ဖြစ်သည့် အထက(၁)၊( ၂)၊ရန်ကင်းTTC၊ အလက (၂၊၃၊၄၊၅၊၆၊၇)နှင့် အလခွဲ ရန်ကင်းစုစုပေါင်း စာစစ်ဌာန(၁၀)ခုတွင် ကျောင်းသား၊ကျောင်းသူ (၂၆၂)ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ပြီး မူလတန်း၊ အလယ်တန်းကျောင်းတွင်း စာမေးပွဲများအားလည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

သတင်း - လှလှထွေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)