ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဟိုပုံးမြို့ အသေးစားစက်မှု လက်မှု လုပ်ငန်းဦးစီးဌာန ရုံးသစ်ဖွင့်ပွဲ အခမ်းအနားသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဟိုပုံးမြို့ အသေးစားစက်မှု လက်မှု လုပ်ငန်းဦးစီးဌာန ရုံးသစ်ဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်



MNP - မတ်   ၂

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒေသရုံးသစ်ဖွင့်ပွဲ အခမ်း အနားကို  ယနေ့နံနက် (၉) နာရီအချိန်က အဆိုပါရုံးတွင် ပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးမှ အဖွင့် အမှာစကားပြောကြားရာတွင် ဟိုပုံးမြို့ခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန အနေဖြင့် တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း၊ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင် တန်း၊ အလှကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ အခြေခံစက်ချုပ်သင်တန်း၊ အခြေခံမော်တော်ဆိုင် ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း၊ တစ်လုံးထိုးဒီဇယ်အင်ဂျင်ပြုပြင် ထိန်းသိမ်းနည်းသင်တန်း၊ အထည်ပန်းပုံရိုက်နှင့် ဆေးရေးပန်းချီသင်တန်း၊ ဝါးအခြေခံလူမှုထည် ထုတ်လုပ်မှု နည်းပညာသင်တန်း၊ ကော်ဖီ ထုတ်လုပ်ရာတွင် အသုံးပြုသည့် စက်ကိရိယာကိုင်တွယ ်မောင်းနှင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်း နည်းသင်တန်းများ ဖွင့်လှစ်ပေးနိုင်ခဲ့ပါကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် ဤနည်းပညာပေးသင် တန်းများကို တက်ရောက်ခွင့်ရပြီး ကိုယ်ပိုင်တစ်ပိုင်တစ်နိုင် အိမ်တွင်းအသေးစားလုပ်ငန်းများကို ထူထောင်နိုင်ပြီး အလုပ်အကိုင်ခွင့်အလမ်းများရရှိကာ မိသားစုဝင်ငွေရရှိစေမှာ ဖြစ်ပါကြောင်း၊ အသေး စားစက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းမော်က အသေးစားစက်မှုလုပ်ငန်းဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ အသေးစားစက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းမော်နှင့် တာဝန်ရှိသူများက ဒေသရုံးသစ်ဖွင့်ပွဲ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြသည်။

အသေးစာစက်မှု လုပ်ငန်းဦးစီးဌာနသည် အသေးစားစက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်း ဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် မျှော်မှန်းချက်ထားရှိပြီး ဆောင်ရွက်လျက်ရှိရာ အသေးစားစက်မှုလက်မှုလုပ်ငန်းများကို မှတ်ပုံတင် ပေးခြင်း၊ စားသောက်ကုန်၊ လူသုံးကုန်၊ အလှကုန်ထုတ်ကုန်ပစ္စည်းများအား ဘေးဥပတ်အန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်စွာ အသုံးပြုနိုင်ရန် ဓာတ်ခွဲစမ်းသပ်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်းကာလကို နည်းပညာ သင်တန်းများ ဖွင့်လှစ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသဖြင့် ဒေသခံပြည်သူများအနေဖြင့် ဌာနနှင့် ဆက်သွယ် တောင်းခံ ဆောင်ရွက်နိုင်ပါကြောင်း သိရသည်။ အဆိုပါ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် ရှမ်းပြည်နယ်အတွင်း တာချီလိတ်၊ လားရှိုး၊ လွိုင်လင်ခရိုင်(၃)ရုံးနှင့် ပအိုဝ်းနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ(၂)ခုတို့တွင် ယနေ့တွင်  တစ်ပြိုင်တည်း ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)