မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ပခုက္ကူခရိုင်အဆင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ပခုက္ကူခရိုင်အဆင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေး



MNP - မတ်   ၂၈

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုး တိုးတက်‌ရေးအတွက် ယနေ့နံနက် ၁၀ နာရီအချိန်က ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ခရိုင်အဆင့် သက်ဆိုင်ရာဌာန တာဝန်ရှိများနှင့် တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံဆွေးနွေးရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်‌ ဆောင်ရွက်ရမည့် လုပ်ငန်းအ‌ခြေအနေများအကြောင်း ရှင်းလင်းပြောကြားပြီး အကောင်အထည်ဖော်စိုက်ပျိုးရာတွင် လိုအပ်မည့် ဆီထွက်သီးနှံများ၊ စိုက်ပျိုးရေးနည်းပညာများနှင့် စိုက်ပျိုးနိုင်သည့် မြေဧကအခြေအနေများကို မေးမြန်းခဲ့သည်။

ဆက်လက်၍ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်နှင့် ဆိပ်ဖြူမြို့နယ်များ အလိုက် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးများက မိမိတို့မြို့နယ်အလိုက် ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေးနှစ်အတွင်း ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့သည့် အခြေအနေများ၊ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်၊ စိုက်ပျိုး ထုတ်လုပ်ရန် လျာထားဧက၊ စိုက်ပျိုးမည့် ဆီထွက်သီးနှံ အမျိုးအမည်များ၊ မိုးရာသီနှင့်ဆောင်းရာသီအလိုက် ယာမြေ၊ ကျွန်းစိုက်ပျိုး‌မြေအခြေအနေ၊ လျှပ်စစ်မြစ်ရေတင်နှင့် မြေအောက်ရေရရှိမှု အခြေအနေတို့ကို အသီးသီးရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ဝန်ကြီးက  မြို့နယ်အလိုက်ရှင်းလင်းတင်ပြမှုများအပေါ် ပြန်လည်ရှင်းလင်း‌ပြောကြားပြီး ပြည်ပ ဆီသွင်းကုန်လျော့ချရေး၊ ပြည်တွင်းဆီထုတ်လုပ် သုံးစွဲမှုတိုးမြှင့်‌ရေးတို့အတွက် ဆီထွက်သီးနှံကဏ္ဍ စိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်စေရန်  အလေးထားစိုက်ပျိုးကြရေး၊ ကိုဗစ်-၁၉ ရောဂါရာနှုန်းပြည့် ‌ထိုးနှံပြီးစီးရေး ရှင်းလင်း မှာကြားသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်အဖွဲ့ဝင်များ၊ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်နှင့်ဆိပ်ဖြူမြို့နယ်များအလိုက် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်း - ဆလိုင်းကိုကီး

 မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)