သာစည်မြိုနယ်တွင် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင် စစ်ဆေး ခြင်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာစည်မြိုနယ်တွင် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင် စစ်ဆေး ခြင်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 


MNP - မတ်    ၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံ မှန်ကန်စေရေး  မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က  မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းစည်းဝေးရာတွင် မြိုနယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိရေး၊ ဥပဒေနှင့်အညီ ပါဝင်ရမည့်သူများ ပါဝင်ခွင့်ရရှိပြီး မပါဝင်သင့် သူများ မပါဝင်စေရေး၊ မဲပေးပိုင်ခွင့်ရှိသူများ မဲဆန္ဒရှင်စာရင်းတွင် ကျန်ရှိမနေစေရေးတို့ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အိမ်ထောင်စုစာရင်း ပုံစံ (၆၆/၆) အပေါ်အခြေခံပြီး ပြုစုလျက်ရှိပါကြောင်း၊ ယခုအခါ သာစည်မြို့နယ်အနေဖြင့် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြုစုပြီးဖြစ်ပါ၍ အခြေခံမဲဆန္ဒရှင် စာရင်းများကို မြေပြင်လူဦးရေ စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးသည့် ရှေ့ပြေးလုပ်ငန်းစီမံချက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာ တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အ‌‌နေဖြင့် ရပ်ကွက်/ကျေးရွာ အုပ်စုများအလိုက် မြေပြင်လူဦးရေ စာရင်းများအား နောက်ဆုံး အခြေအနေနှင့် ကိုက်ညီမှုရှိစေရန် ပြုစုသွားမည်ဖြစ်ပါကြောင်း၊‌ မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြိုနယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့နှင့် ပူးပေါင်းစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းတို့အား ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်မွန်က ပန်းခင်းစီမံချက်အရ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသေးသူများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများ၌ စိစစ်ပြီး ပြုလုပ်ပေးလျက်ရှိသည့် အခြေအနေများနှင့် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင် စစ်ဆေးခြင်း လုပ်ငန်းများတွင် ပူး‌ပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဒေါ်အိမွန်ကျော်က မဲစာရင်းများ စစ်ဆေးခြင်းရှေ့ပြေးလုပ်ငန်းစဉ်များအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လူဦးရေစာရင်းပုံ (၆၆/၆) အရ ကြိုတင်စာရင်း ပြုစုထားပြီးဖြစ်သည့် လူဦးရေစာရင်းများကို ရပ်ကွက်‌/ကျေးရွာ အုပ်စုများတွင် မြေပြင်နေထိုင်လျက်ရှိသည့် လူဦးရေစာရင်းများနှင့် တိုက်ဆိုင်စစ်ဆေးသွားမည့် အခြေအနေများ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြိုနယ်ဦးစီးမှူး ဦးအောင်မွန်က ပန်းခင်းစီမံချက်အရ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသေးသူများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများ၌ စိစစ်ပြီး ပြုလုပ်ပေးလျက်ရှိသည့် အခြေအ နေများနှင့် မြေပြင်လူဦး ရေစာရင်းတိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်းများတွင် ပူး‌ပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ ရှင်းလင်းဆွေးနွေး သည်။

ထိုနောက် တက်ရောက်လာကြသည့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများမှ သိလိုသည့် မေးမြန်းချက်များများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်နှင့် တာဝန်ရှိသူများက လိုအပ်သည်များ ထပ်မံဖြည့်စွက်၍   ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)