ဒိုက်ဦးမြို့နယ်၌ အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် အတက်ရောဂါဆိုင်ရာ စီမံချက်သင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒိုက်ဦးမြို့နယ်၌ အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် အတက်ရောဂါဆိုင်ရာ စီမံချက်သင်တန်း ဖွင့်လှစ်



MNP - မတ်    ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၌ အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် အတက်ရောဂါဆိုင်ရာ စီမံချက်သင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရေးမှူးရုံးသင်တန်းခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

သင်တန်းတွင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ဇော်ဝင်းအောင်နှင့် ကျန်းမာရေးမှူးအဆင့် (၁)ဒေါ်သက်သက်မော်တို့မှ ဒိုက်ဦးမြို့နယ်၌ အတက်ရောဂါစီမံချက် စတင်ခြင်းအကြောင်း၊ အတက်ရောဂါအကြောင်း၊ ရောဂါလက္ခဏာများ၊ အမျိုးသမီးများနှင့်ကလေးများအတွက် အတက်ရောဂါအကြောင်းသိကောင်းစရာ၊ တက်နေသောလူနာအား အရေးပေါ်ပြုစုကုသခြင်းအကြောင်းတို့အား သင်ကြားပို့ချသည်။ 

ထို့နောက် တက်ရောက်လာသောသူများမှ သိလိုသည်များကို မေးမြန်းရာ ပြန်လည်ဆွေးနွေးဖြေကြားခဲ့သည်။

အဆိုပါသင်တန်းသို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း(၉၀)ဦးတက်ရောက်၍ သင်တန်းမှာ ၁ ရက်သင်တန်းဖြစ်ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)