ဒေးဒရဲမြို့နယ်၌ နွေရာသီအားကစားသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေးဒရဲမြို့နယ်၌ နွေရာသီအားကစားသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ



MNP - မတ်    ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ လူငယ်လူရွယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင် စေရန်၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျင်းပပြုလုပ်သော နွေရာသီအားကစားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၄)နာရီက ဖွင့်ပွဲအခမ်းအနား အားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် တက်ရောက်လာသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား အလေးပြုကြပြီးနောက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က အဖွင့်မိန့်ခွန်းပြောကြားရာ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်လူရွယ်များအား နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေ ရန်နှင့် နိုင်ငံ့ကိုယ်စားပြု ထူးချွန်ထက်မြက် ၍ အရည်အသွေးပြည့်ဝသော အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ အဆိုပါ သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်၍ သင်တန်စသူ၊ သင်တန်းသားများအနေဖြင့် အခြေခံနည်းစနစ်များကို ကြိုးစားသင်ယူ၍ ထူးချွန်သော ကစားသမားဖြစ်လာစေရန် ကြိုးစားကြစေလိုကြောင်း အမှာစကားပြောကြား၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် နွေရာသီအခြေခံအားကစားသင်တန်းများဖြစ်သော ဘောလုံး၊ လက်ဝှေ့၊ ပိုက်ကျော်ခြင်း၊ အေရိုးဗစ်၊ ပြေးခုန်ပစ် နှင့် အားကစားသင်တန်းများကို သင်တန်းသား သင်တန်းသူ စုစုပေါင်း(၁၂၆)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

သတင်း - အေဇာလင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)