လွိုင်ကော်မြို့ မူလတန်းကြိုကျောင်း၌ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ် သမားများ ဖယ်ရှားရေးနှင့် ပြည်လည်ကုစားရေးလုပ်ငန်းဆိုင်ရာဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လွိုင်ကော်မြို့ မူလတန်းကြိုကျောင်း၌ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ် သမားများ ဖယ်ရှားရေးနှင့် ပြည်လည်ကုစားရေးလုပ်ငန်းဆိုင်ရာဆွေးနွေးပွဲကျင်းပ




MNP - မတ်    ၂၆

လွိုင်ကော်မြို့ မူလတန်းကြိုကျောင်း၌ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ် သမားများ ဖယ်ရှားရေးနှင့် ပြည်လည်ကုစားရေးလုပ်ငန်းဆိုင်ရာဆွေးနွေးပွဲကို မတ်လ (၂၆) ရက် နံနက် (၁၀)နာရီအချိန်တွင် လွိုင်ကော်မူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကယားပြည်နယ် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြည်လည်ကုစားရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ကယားပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦး က ကလေးငယ်များရဲ့ ဖွံ့ဖြိုးမှုသည် အရေးကြီးသည့်အတွက် စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ဖို့လိုပါကြောင်း၊ ကလေးသူငယ်ဆိုတာ ၂၀၁၉ ခုနစ် ကလေးသူငယ်ဆိုင်ရာ ဥပဒေ အခန်း(၁) အပိုဒ် (၃) (ခ)မှာ အသက်(၁၈)ပြည့်ပြီးသူကိုဆိုသည်လို့ ပြဋ္ဌာန်းပါရှိပါကြောင်း၊  ကလေးသူငယ်ကို ရောင်းချခြင်း၊ ကျွန်ပြုခြင်း၊ ကျေးကျွန်ကဲ့သို့ ခိုင်းစေခြင်း၊ ကျေးပိုင် ကျွန်ပိုင်ပြုလုပ်ခြင်း၊ လူကုန်ကူးမှုကျူးလွန်ခြင်း၊ ကြွေးမြီဖြင့် နှောင်ဖွဲ့ခိုင်းစေခြင်း၊ လက်နက်ကိုင် ပဋိပက္ခတွင် အသုံးချရန် အဓမ္မအလုပ်ခိုင်းစေခြင်း(သို့မဟုတ်) မလုပ်မနေရစုဆောင်းခြင်း အပါအဝင် အဓမ္မအလုပ်ခိုင်းစေခြင်း(သို့မဟုတ်) မလုပ်မနေရ ခိုင်းစေခြင်းတို့ ပါဝင်ပြဌာန်းပါကြောင်း၊ ကလေးသူငယ်များ အလုပ်လုပ်ကိုင်ရာမှာ အန္တရာယ်ရှိတဲ့ ကလေးအလုပ်သမားများကို ဖယ်ရှားပြီး အလုပ်စေခိုင်းသူကို ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူရန် လိုအပ်ကြောင်း၊ အလုပ်ခွင်မှ ဖယ်ရှားပြီး ကာကွယ်ပေးခဲ့သော ကလေးသူငယ်၏ အခြေအနေကို ဆန်းစစ်ပြီး စိတ်ပိုင်း၊ ရုပ်ပိုင်း ပြန်လည် ထူထောင်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်း သင်တန်းများ သင်ကြားပေးရန် စီစဉ်ဆောင်ရွက်ခြင်း၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး အစီအစဉ်များ ဆောင်ရွက်ပေးခြင်း တို့ကို တာဝန်ရှိသူများမှ ပူးပေါင်းပြီး ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း အဖွင့်အမှာစကားတွင် ပြောကြားခဲ့သည်။

ဆက်လက်ပြီး ကယားပြည်နယ်လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဒေါ်သိန်းသိန်းမြင့် က ကယားပြည်နယ် အဆိုးရွာဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြည်လည်ကုစားရေးလုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များအနေဖြင့် မိမိတို့ဌာနအလိုက် ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်အခြေအနေများအား ဝိုင်းဝန်းဆွေးနွေးဆောင်ရွက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)